Zawgyi

Vivo NEX 3 စမတ္ဖုန္းဟာ တရားဝင္ျဖစ္လာခဲ့ပါၿပီ။ ဒီဖုန္းမွာ 5G ပါဝင္လာၿပီး Gaming စမတ္ဖုန္းမဟုတ္ဘဲ မ်ဳိးဆက္သစ္နက္ဝပ္ကိုထည့္သြင္းလာတဲ့ Vivo ရဲ႕ ပထမဆုံး Flagship စမတ္ဖုန္းအျဖစ္ မွတ္တမ္းတင္ႏုိင္ခဲ့ပါတယ္။

စမတ္ဖုန္းအသစ္မွာ ကင္မရာသုံးလုံးပါဝင္ၿပီး အဓိက 64MP ကင္မရာဟာလည္း Samsung ရဲ႕ ISOCELL Bright GW1 Sensor အသစ္စက္စက္ကို အသုံးျပဳလာတဲ့ ပထမဆုံး Flagship အျဖစ္ မွတ္တမ္းေရးထိုးႏုိင္ခဲ့ေစ ျပန္ပါတယ္။ ေနာက္ထပ္ကင္မရာႏွစ္ခုကေတာ့ 13MP Wide-angel နဲ႔ 13MP Telephoto ကင္မရာေတြပါ။

Vivo NEX 3 မွာ လွပတဲ့ဒီဇုိင္းပါဝင္ၿပီးျဖစ္ေပမယ့္ သူ႕ရဲ႕ Waterfall FullView Display လို႔ အမည္ေပးထားတဲ့ Screen ဟာ တမူထူးျခားလွပေနတာကို ေတြ႕ရမွာပါ။ 6.89” လက္မအရြယ္ Super AMOLED Display ဟာ Vivo ကုမၸဏီရဲ႕အဆုိအရ 99.6% Screen-to-body အခ်ဳိးရွိပါတယ္။
Screen ကို ေဘးကိုယ္ထည္သုိ႔ပါျဖန္႔က်က္ထားတဲ့ Curved Screen Edge ေတြေၾကာင့္ အခုလို ရလဒ္ကို ရရွိခဲ့တာျဖစ္ၿပီး အဲဒီအတြက္ ေပးဆပ္လိုက္ရတာေတာ့ ေဘးဘက္မွာ ျမင္ေနၾက Physical Key ခလုတ္ေတြပါ။ ဒါေပမယ့္ ပါဝါခလုတ္နဲ႔ အသံတုိးခ်ဲ႕ခလုတ္စတဲ့ ခလုတ္ေတြကို ႏွိပ္လိုက္ရင္ ရရွိမယ့္ ခံစားခ်က္အတုိင္းေပးႏုိင္တဲ့ Touch Sense စနစ္ကိုေတာ့ ထည့္လာေပးပါတယ္။ ဒါ့အျပင္ ဂိမ္းေဆာ့ရင္ပဲျဖစ္ျဖစ္၊ စာရုိက္ရင္ပဲျဖစ္ျဖစ္ ပိုၿပီး သက္ေတာင့္သက္သာရွိတဲ့ Vibration ကိုေပးႏုိင္ဖို႔ X-Axis Haptic လို႔ေခၚတဲ့ Feature တစ္ခုလည္း ပါဝင္လာပါတယ္။

ဆယ္လ္ဖီကင္မရာကိုေတာ့ Vivo X27 Pro နဲ႔တူညီတဲ့ပုံစံကို ထည့္သြင္းထားေပမယ့္ 16MP Sensor ျဖစ္ပါတယ္။ ဖုန္းရဲ႕အတြင္းပိုင္းကလည္း Flagship တစ္လုံးရဲ႕စံခ်ိန္နဲ႔ ညီမွ်တဲ့ Specs ကိုေတြ႕ရွိရမွာျဖစ္ညပီး 8GB / 12GB RAM မန္မုိရီတစ္မ်ဳိးကို ေရြးခ်ယ္ႏုိင္မွာျဖစ္သလို Storage ကလည္း 256GB ပါဝင္ပါတယ္။

ခ်စ္ပ္ဆက္ကို ေနာက္ဆုံးေပၚ Snapdragon 855+ ကိုအသုံးျပဳထားၿပီး ဒါကိုေတာ့ ကုမၸဏီက ႀကိဳတင္ Tease လုပ္ခဲ့ၿပီးသားပါ။ ဘကၳရီကို 4,500 mAh အႀကီးစားသုံးထားၿပီး Vivo iQOO Pro ဟန္းဆက္မွာလုိပဲ 44W အားအျမန္သြင္းစနစ္ ပါဝင္ပါတယ္။

NEX 3 ဖုန္းဟာ လာမယ့္လအတြင္း အာရွနဲ႔အျခားေစ်းကြက္ေတြကို ဝင္ေရာက္လာေတာ့မွာပါ။ သူ႕မွာ ေစ်းပိုခ်ဳိသာတဲ့ 8 / 128 GB မန္မုိရီနဲ႔ 4G ဗားရွင္းကိုလည္း ေရြးခ်ယ္ႏုိင္မွာျဖစ္ၿပီး တရုတ္ယြမ္ေငြ ၄၉၉၈ (ျမန္မာေငြဆယ္သိန္းေက်ာ္) က်သင့္မွာပါ။

5G ဆက္သြယ္ႏုိင္စြမ္းနဲ႔ 256GB Storage ဆုိရင္ေတာ့ ယြမ္ ၅၆၉၈ (ျမန္မာေငြ ၁၂ သိန္းေက်ာ္) က်သင့္မွာျဖစ္ကာ အျမင့္ဆုံး 12GB RAM ဗားရွင္းကေတာ့ ယြမ္ ၆၁၉၈ (ျမန္မာေငြ ၁၃ သိန္းေက်ာ္) က်သင့္မွာ ျဖစ္ပါတယ္။ အႀကိဳမွာယူမႈေတြကို စတင္လက္ခံေနၿပီျဖစ္ၿပီး ေစ်းကြက္ထဲကိုေတာ့ စက္တင္ဘာ ၂၁ ရက္ေန႔မွာ ျဖန္႔ခ်ိလာမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Vivo NEX 3 စမတ်ဖုန်းဟာ တရားဝင်ဖြစ်လာခဲ့ပါပြီ။ ဒီဖုန်းမှာ 5G ပါဝင်လာပြီး Gaming စမတ်ဖုန်းမဟုတ်ဘဲ မျိုးဆက်သစ်နက်ဝပ်ကိုထည့်သွင်းလာတဲ့ Vivo ရဲ့ ပထမဆုံး Flagship စမတ်ဖုန်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

စမတ်ဖုန်းအသစ်မှာ ကင်မရာသုံးလုံးပါဝင်ပြီး အဓိက 64MP ကင်မရာဟာလည်း Samsung ရဲ့ ISOCELL Bright GW1 Sensor အသစ်စက်စက်ကို အသုံးပြုလာတဲ့ ပထမဆုံး Flagship အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့စေ ပြန်ပါတယ်။ နောက်ထပ်ကင်မရာနှစ်ခုကတော့ 13MP Wide-angel နဲ့ 13MP Telephoto ကင်မရာတွေပါ။

Vivo NEX 3 မှာ လှပတဲ့ဒီဇိုင်းပါဝင်ပြီးဖြစ်ပေမယ့် သူ့ရဲ့ Waterfall FullView Display လို့ အမည်ပေးထားတဲ့ Screen ဟာ တမူထူးခြားလှပနေတာကို တွေ့ရမှာပါ။ 6.89” လက်မအရွယ် Super AMOLED Display ဟာ Vivo ကုမ္ပဏီရဲ့အဆိုအရ 99.6% Screen-to-body အချိုးရှိပါတယ်။

Screen ကို ဘေးကိုယ်ထည်သို့ပါဖြန့်ကျက်ထားတဲ့ Curved Screen Edge တွေကြောင့် အခုလို ရလဒ်ကို ရရှိခဲ့တာဖြစ်ပြီး အဲဒီအတွက် ပေးဆပ်လိုက်ရတာတော့ ဘေးဘက်မှာ မြင်နေကြ Physical Key ခလုတ်တွေပါ။ ဒါပေမယ့် ပါဝါခလုတ်နဲ့ အသံတိုးချဲ့ခလုတ်စတဲ့ ခလုတ်တွေကို နှိပ်လိုက်ရင် ရရှိမယ့် ခံစားချက်အတိုင်းပေးနိုင်တဲ့ Touch Sense စနစ်ကိုတော့ ထည့်လာပေးပါတယ်။ ဒါ့အပြင် ဂိမ်းဆော့ရင်ပဲဖြစ်ဖြစ်၊ စာရိုက်ရင်ပဲဖြစ်ဖြစ် ပိုပြီး သက်တောင့်သက်သာရှိတဲ့ Vibration ကိုပေးနိုင်ဖို့ X-Axis Haptic လို့ခေါ်တဲ့ Feature တစ်ခုလည်း ပါဝင်လာပါတယ်။

ဆယ်လ်ဖီကင်မရာကိုတော့ Vivo X27 Pro နဲ့တူညီတဲ့ပုံစံကို ထည့်သွင်းထားပေမယ့် 16MP Sensor ဖြစ်ပါတယ်။ ဖုန်းရဲ့အတွင်းပိုင်းကလည်း Flagship တစ်လုံးရဲ့စံချိန်နဲ့ ညီမျှတဲ့ Specs ကိုတွေ့ရှိရမှာဖြစ်ညပီး 8GB / 12GB RAM မန်မိုရီတစ်မျိုးကို ရွေးချယ်နိုင်မှာဖြစ်သလို Storage ကလည်း 256GB ပါဝင်ပါတယ်။

ချစ်ပ်ဆက်ကို နောက်ဆုံးပေါ် Snapdragon 855+ ကိုအသုံးပြုထားပြီး ဒါကိုတော့ ကုမ္ပဏီက ကြိုတင် Tease လုပ်ခဲ့ပြီးသားပါ။ ဘက္ထရီကို 4,500 mAh အကြီးစားသုံးထားပြီး Vivo iQOO Pro ဟန်းဆက်မှာလိုပဲ 44W အားအမြန်သွင်းစနစ် ပါဝင်ပါတယ်။

NEX 3 ဖုန်းဟာ လာမယ့်လအတွင်း အာရှနဲ့အခြားဈေးကွက်တွေကို ဝင်ရောက်လာတော့မှာပါ။ သူ့မှာ ဈေးပိုချိုသာတဲ့ 8 / 128 GB မန်မိုရီနဲ့ 4G ဗားရှင်းကိုလည်း ရွေးချယ်နိုင်မှာဖြစ်ပြီး တရုတ်ယွမ်ငွေ ၄၉၉၈ (မြန်မာငွေဆယ်သိန်းကျော်) ကျသင့်မှာပါ။

5G ဆက်သွယ်နိုင်စွမ်းနဲ့ 256GB Storage ဆိုရင်တော့ ယွမ် ၅၆၉၈ (မြန်မာငွေ ၁၂ သိန်းကျော်) ကျသင့်မှာဖြစ်ကာ အမြင့်ဆုံး 12GB RAM ဗားရှင်းကတော့ ယွမ် ၆၁၉၈ (မြန်မာငွေ ၁၃ သိန်းကျော်) ကျသင့်မှာ ဖြစ်ပါတယ်။ အကြိုမှာယူမှုတွေကို စတင်လက်ခံနေပြီဖြစ်ပြီး ဈေးကွက်ထဲကိုတော့ စက်တင်ဘာ ၂၁ ရက်နေ့မှာ ဖြန့်ချိလာမှာဖြစ်ပါတယ်။

Ref – GSM Arena