[Zawgyi]
Xiaomi ဟာ Mi CC9 Pro ကို တ႐ုတ္ႏိုင္ငံမွာ တရားဝင္ မိတ္ဆက္သြားပါၿပီ။ ေနာက္ဆက္တြဲအေနနဲ႔ ဒီဖုန္းဟာ ႏိုင္ငံတကာေဈးကြက္ကို Mi Note 10 အေနနဲ႔ မိတ္ဆက္မွာပါ။ ဒါေပမယ့္ အခုေနာက္ဆုံးထြက္လာတဲ့သတင္းမွာေတာ့ Pro ဗားရွင္းလည္း အတူပါလာႏိုင္တယ္လို႔ သိရပါတယ္။
Xaiomi ပိုလန္ကေန ေပါက္ၾကားလာတဲ့ ကင္မရာနမူနာဓါတ္ပုံေၾကာင့္ Mi Note 10 Pro ဗားရွင္းလည္း ထြက္လာႏိုင္တယ္လို႔ ခန႔္မွန္းေဖာ္ျပၾကတာ ျဖစ္ပါတယ္။ မၾကာခင္ထြက္လာမယ့္ Mi Note 10 Pro ရဲ႕ ကင္မရာဟာ 108MP ဆင္ဆာနဲ႔ျဖစ္ၿပီး f/1.7 အပါခ်ာနဲ႔ ျဖစ္တာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ ေပါက္ၾကားလာတဲ့ ဓါတ္ပုံအ႐ြယ္အစားကေတာ့ 71.8MB ျဖစ္ပါတယ္။
ဓါတ္ပုံကို အေသးစိတ္အခ်က္အလက္ၾကည့္တဲ့အခါ ကင္မရာေခါင္းစဥ္ေအာက္က ကင္မရာျပဳလုပ္သူေနရာမွာ Xaiomi အမည္ကိုေတြ႕ရၿပီး ကင္မရာေမာ္ဒယ္အျဖစ္ Mi Note 10 Pro အမည္ကို ေဖာ္ျပထားတာ ေတြ႕ျမင္ရပါတယ္။ Mi Note 10 နဲ႔ပတ္သက္ၿပီး သတင္းထြက္ထားတာက ထိုင္းရဲ႕ NBTC certification site မွာ M1910F4S ေမာ္ဒယ္နံပါတ္နဲ႔ ထြက္ထားတာပါ။
Mi Note 10 နဲ႔ CC9 Pro တို႔ဟာ ဒီဇိုင္းတူ၊ ပုံစံတူျဖစ္လာႏိုင္ၿပီး Mi Note 10 မွာလည္း Mi CC9 Pro လိုမ်ိဴး Snapdragon 730G chipset ကို သုံးထားႏိုင္ပါတယ္။ Mi Note 10 Pro ေမာ္ဒယ္မွာေတာ့ Snapdragon 855+ ကို သုံးထားမယ္လို႔ ယူဆရပါတယ္။ အျခားေသခ်ာတဲ့ သတင္းအခ်က္အလက္ေတာ့ မသိရေသးတာေၾကာင့္ မၾကာခင္ရက္ပိုင္းအတြင္းက်င္းပမယ့္ မိတ္ဆက္ပြဲကိုပဲ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။
Ref: GSM Arena
[Unicode]
Xiaomi Mi Note 10 အပြင် Note 10 Pro မော်ဒယ်လည်း ထွက်လာနိုင်ဖွယ်ရှိ
Xiaomi ဟာ Mi CC9 Pro ကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်သွားပါပြီ။ နောက်ဆက်တွဲအနေနဲ့ ဒီဖုန်းဟာ နိုင်ငံတကာဈေးကွက်ကို Mi Note 10 အနေနဲ့ မိတ်ဆက်မှာပါ။ ဒါပေမယ့် အခုနောက်ဆုံးထွက်လာတဲ့သတင်းမှာတော့ Pro ဗားရှင်းလည်း အတူပါလာနိုင်တယ်လို့ သိရပါတယ်။
Xaiomi ပိုလန်ကနေ ပေါက်ကြားလာတဲ့ ကင်မရာနမူနာဓါတ်ပုံကြောင့် Mi Note 10 Pro ဗားရှင်းလည်း ထွက်လာနိုင်တယ်လို့ ခန့်မှန်းဖော်ပြကြတာ ဖြစ်ပါတယ်။ မကြာခင်ထွက်လာမယ့် Mi Note 10 Pro ရဲ့ ကင်မရာဟာ 108MP ဆင်ဆာနဲ့ဖြစ်ပြီး f/1.7 အပါချာနဲ့ ဖြစ်တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ပေါက်ကြားလာတဲ့ ဓါတ်ပုံအရွယ်အစားကတော့ 71.8MB ဖြစ်ပါတယ်။
ဓါတ်ပုံကို အသေးစိတ်အချက်အလက်ကြည့်တဲ့အခါ ကင်မရာခေါင်းစဉ်အောက်က ကင်မရာပြုလုပ်သူနေရာမှာ Xaiomi အမည်ကိုတွေ့ရပြီး ကင်မရာမော်ဒယ်အဖြစ် Mi Note 10 Pro အမည်ကို ဖော်ပြထားတာ တွေ့မြင်ရပါတယ်။ Mi Note 10 နဲ့ပတ်သက်ပြီး သတင်းထွက်ထားတာက ထိုင်းရဲ့ NBTC certification site မှာ M1910F4S မော်ဒယ်နံပါတ်နဲ့ ထွက်ထားတာပါ။
Mi Note 10 နဲ့ CC9 Pro တို့ဟာ ဒီဇိုင်းတူ၊ ပုံစံတူဖြစ်လာနိုင်ပြီး Mi Note 10 မှာလည်း Mi CC9 Pro လိုမျိူး Snapdragon 730G chipset ကို သုံးထားနိုင်ပါတယ်။ Mi Note 10 Pro မော်ဒယ်မှာတော့ Snapdragon 855+ ကို သုံးထားမယ်လို့ ယူဆရပါတယ်။ အခြားသေချာတဲ့ သတင်းအချက်အလက်တော့ မသိရသေးတာကြောင့် မကြာခင်ရက်ပိုင်းအတွင်းကျင်းပမယ့် မိတ်ဆက်ပွဲကိုပဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
Ref: GSM Arena