[Unicode]
OPPO က Reno3 Series တွေကို မကြာခင် ကြေညာတော့မယ်လို့ ထင်ပါတယ်။ ကြေညာမယ့် နေ့ကိုတော့ ကုမ္ပဏီက မပြောသေးပါဘူး။ အခုတော့ အဲဒီဖုန်းတွေရဲ့ ဒီဇိုင်းကို ကုမ္ပဏီက မျှဝေလိုက်ပါတယ်။ အနည်းဆုံး မော်ဒယ် ၂ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး Reno3 နဲ့ Reno3 Pro တို့ ဖြစ်ပါတယ်။ Pro မော်ဒယ်မှာ SA & NSA Networks တွေကို ထောက်ပံ့တဲ့ 5G ပါလာမှာပါ။
ဖုန်း ၂ လုံးစလုံးမှာ အနောက်ကင်မရာ ၄ လုံးထည့်သွင်းထားပါတယ်။ Reno3 မှာ Waterdrop Notch နဲ့ Pro မော်ဒယ်မှာ Punch-hole Design ကို သုံးထားပါတယ်။ Pro မော်ဒယ်မှာ ဆဲလ်ဖီးကင်မရာကို မျက်နှာပြင်ရဲ့ ဘယ်ဘက်အထက်မှာ တပ်ဆင်ထားပါတယ်။
A first look at the full rear side of OPPO Reno3 Pro 5G. Thoughts? ? pic.twitter.com/V8yknOzFof
— Brian Shen (@BrianShenYiRen) December 9, 2019
Pro မော်ဒယ်မှာ အသစ်စက်စက် ကြေညာထားတဲ့ Snapdragon 765G Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ OPPO က ၇.၇ မီတာပဲ အထူရှိပြီး ၁၇၁ ဂရမ် အလေးချိန်ရှိတယ်လို့ ပြောပါတယ်။ Reno3 ရဲ့ Specs တွေကို OPPO က မပြောသေးပါဘူး။ OPPO ဝက်ဘ်ဆိုက်က ဓါတ်ပုံအရ LED Flash ရဲ့ ဒီဇိုင်းကို ဆန်းသစ်ထားတာ တွေ့ရပါတယ်။
Digital Chat Station ကနေ OPPO Reno3 Pro ရဲ့ သတင်းအချက်အလက်တွေ မကြာခင်က ထွက်လာပါတယ်။ အဲဒီဖုန်းမှာ ၆.၅ လက်မ FHD+ OLED မျက်နှာပြင်ပါလာမှာဖြစ်ပြီး 90Hz Refresh Rate ကို ထောက်ပံ့ထားမှာပါ။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ၊ Snapdragon 765G နဲ့ 12GB RAM ပါလာမယ်လို့ သိရပါတယ်။ ဒီလနှောင်းပိုင်းမှာ ကြေညာတော့မယ်လို့ ထင်ပါတယ်။
Ref : gsmarena
[Zawgyi]
OPPO က Reno3 Series ရဲ႕ ဒီဇိုင္းကို ျပသ
OPPO က Reno3 Series ေတြကို မၾကာခင္ ေၾကညာေတာ့မယ္လို႔ ထင္ပါတယ္။ ေၾကညာမယ့္ ေန႔ကိုေတာ့ ကုမၸဏီက မေျပာေသးပါဘူး။ အခုေတာ့ အဲဒီဖုန္းေတြရဲ႕ ဒီဇိုင္းကို ကုမၸဏီက မွ်ေ၀လိုက္ပါတယ္။ အနည္းဆံုး ေမာ္ဒယ္ ၂ မ်ိဳးထုတ္လုပ္ထားမွာ ျဖစ္ၿပီး Reno3 နဲ႔ Reno3 Pro တို႔ ျဖစ္ပါတယ္။ Pro ေမာ္ဒယ္မွာ SA & NSA Networks ေတြကို ေထာက္ပံ့တဲ့ 5G ပါလာမွာပါ။
ဖုန္း ၂ လံုးစလံုးမွာ အေနာက္ကင္မရာ ၄ လံုးထည့္သြင္းထားပါတယ္။ Reno3 မွာ Waterdrop Notch နဲ႔ Pro ေမာ္ဒယ္မွာ Punch-hole Design ကို သံုးထားပါတယ္။ Pro ေမာ္ဒယ္မွာ ဆဲလ္ဖီးကင္မရာကို မ်က္ႏွာျပင္ရဲ႕ ဘယ္ဘက္အထက္မွာ တပ္ဆင္ထားပါတယ္။
A first look at the full rear side of OPPO Reno3 Pro 5G. Thoughts? ? pic.twitter.com/V8yknOzFof
— Brian Shen (@BrianShenYiRen) December 9, 2019
Pro ေမာ္ဒယ္မွာ အသစ္စက္စက္ ေၾကညာထားတဲ့ Snapdragon 765G Chipset ေမာင္းႏွင္ထားမွာ ျဖစ္ပါတယ္။ OPPO က ၇.၇ မီတာပဲ အထူရွိၿပီး ၁၇၁ ဂရမ္ အေလးခ်ိန္ရွိတယ္လို႔ ေျပာပါတယ္။ Reno3 ရဲ႕ Specs ေတြကို OPPO က မေျပာေသးပါဘူး။ OPPO ၀က္ဘ္ဆိုက္က ဓါတ္ပံုအရ LED Flash ရဲ႕ ဒီဇိုင္းကို ဆန္းသစ္ထားတာ ေတြ႕ရပါတယ္။
Digital Chat Station ကေန OPPO Reno3 Pro ရဲ႕ သတင္းအခ်က္အလက္ေတြ မၾကာခင္က ထြက္လာပါတယ္။ အဲဒီဖုန္းမွာ ၆.၅ လက္မ FHD+ OLED မ်က္ႏွာျပင္ပါလာမွာျဖစ္ၿပီး 90Hz Refresh Rate ကို ေထာက္ပံ့ထားမွာပါ။ မ်က္ႏွာျပင္ေအာက္လက္ေဗြရာ ကိရိယာ ၊ Snapdragon 765G နဲ႔ 12GB RAM ပါလာမယ္လို႔ သိရပါတယ္။ ဒီလေႏွာင္းပိုင္းမွာ ေၾကညာေတာ့မယ္လို႔ ထင္ပါတယ္။
Ref : gsmarena