[Unicode]
Huawie ဟာ လာမယ့်မတ်လထဲမှာ P40 နဲ့ P40 Pro တို့ကို တရားဝင် မိတ်ဆက်ပြီး ဖြန့်ချိမှာပါ။ ဒီသတင်းကို Richard Yu ကိုယ်တိုင်ကပဲ ထုတ်ဖော်ပြောဆိုခဲ့တာပါ။ လက်ရှိအချိန်အထိ နှစ်နိုင်ငံ ညှိနှိုင်းမှုတွေ မပြီးဆုံးသေးတာကြောင့် P40 နဲ့ P40 Pro တို့မှာ Google Service တွေ ပါလာဦးမှာ မဟုတ်ဘူးလို့ပဲ ဆိုရမှာပါ။
P40 နဲ့ P40 Pro တွေ မိတ်ဆက်မယ့်အချိန်ကို သိရတယ်ဆိုပေမယ့် ဒီဟန်းဆက်တွေဟာ ဘယ်လိုပုံစံနဲ့ ထွက်လာမလဲဆိုတာကို သေချာမသိရသေးပါဘူး။ အနီးစပ်ဆုံးဖော်ပြနိုင်တဲ့ Render အဖြစ် ပေါက်ကြားပေါ်ထွက်လာတာကတော့ အနက်ရောင် Render တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Render တွေက P40 နဲ့ P40 Pro တို့ရဲ့ ပုံစံမှန်ကို အနီးစပ်ဆုံး တွေ့မြင်နိုင်မှာပါ။
ဒီဇိုင်းပိုင်းအရ အနောက်ကင်မရာတွေအတွက် ကင်မရာအိမ်ဖွဲ့စည်းပုံက P40 ရော P40 Pro ပါ ထောင့်မှန်စတုဂံပုံစံတွေပဲ ဖြစ်ပါတယ်။ P40 နှစ်မျိုးစလုံးရဲ့ ကိုယ်ထည်တည်ဆောက်ပုံကလည်း သိပ်ပြီးကွာခြားတဲ့ပုံကို မတွေ့ရပါဘူး။ လက်တလောမြင်တွေ့ရတဲ့ Render အရ P40 တွေရဲ့ ကင်မရာဖွဲ့တည်ထားပုံက Samsung Galaxy အချို့ရဲ့ ကင်မရာဖွဲ့စည်းတည်ဆောက်ပုံနဲ့ ပျမ်းမျှအားဖြင့် ဆင်တူနေတာကို တွေ့ရမှာပါ။
လက်ရှိ Render တွေအရ P40 မှာ ကျောဘက် ကင်မရာ လေးလုံးပါဝင်မှာကို တွေ့ရပါတယ်။ 64MP Sony IMX686 အဓိကကင်မရာနဲ့ 20MP ultra wide, 12MP periscope telephoto အပါအဝင် ToF 3D ကင်မရာတွေ ပါဝင်မယ်လို့လည်း ဆိုပါတယ်။ မျက်နှာပြင်ကတော့ 6.1-inch ဒါမှမဟုတ် 6.2-inch ဖြစ်မယ်လို့ ဆိုပါတယ်။
P40 Pro ကတော့ မျက်နှာပြင်အရွယ်အစား 6.5-inch ကနေ 6.7-inch ကြား ရှိနိုင်ပါတယ်။ မျက်နှာပြင်ရဲ့ လေးဘက်လေးတန်လုံးကို Water Fall Curve တွေ ဖန်တီးပေးထားတယ်လို့ သိရပါတယ်။ ဒီအတွက် ထောင့်ချိုးတွေမှာတော့ သတ္တုဘောင်တွေကို အထူးဒီဇိုင်းနဲ့ တည်ဆောက်ပေးထားတာကို တွေ့မြင်ရပါတယ်။ ဒါဟာ အလွယ်တကူ ကွဲမသွားအောင် ကာကွယ်ထားနိုင်တယ်လို့လည်း ဆိုပါတယ်။
P40 နဲ့ P40 Pro နှစ်မျိုးစလုံးဟာ အောက်ခြေဘက်မှာ USB-C port, SIM card ပေါက်၊ စပီကာပေါက်တွေ တပ်ဆင်ပေးထားတာပါ။ ပါဝါခလုတ်နဲ့ အသံအတိုးအချဲ့ခလုတ်တွေကတော့ ကိုယ်ထည်ရဲ့ ညာဘက်ခြမ်းမှာတွေ့ရပါတယ်။ 3.5mm Headphone ပေါက်ကိုတော့ ဘယ်နေရာမှာမှ မတွေ့ရပါဘူး။
Notch တွေရှိတာကို မတွေ့ရသလို Punch-hole လည်းမတွေ့ရတာကြောင့် Pop-up selfie ကင်မရာသုံးလာမယ်လို့ တပ်အပ်ပြောလို့တော့မရပါဘူး။ ဟန်းဆက်နှစ်ခုလုံးရဲ့ မျက်နှာပြင်တွေဟာ OLED တွေဖြစ်ပြီး In-display Fingerprint ဖြစ်ပါလိမ့်မယ်။ P40 Pro ကတော့ 120Hz refresh rate, Quad HD+ resolution ဖြစ်တယ်လို့ ကောလာဟလ ထွက်ထားပါတယ်။
P40 Pro မှာတော့ 5,500mAh ဘက်ထရီပါဝင်လာဖွယ်ရှိပြီး 50W အမြန်အားသွင်းစနစ်ကိုလည်း ထောက်ပံ့ထားဖွယ်ရှိတယ်လို့ သိရပါတယ်။ Kirin 990 SoC သုံးထားမှာဖြစ်ပြီး 5G လည်းချိတ်ဆက်နိုင်မယ်လို့ ဆိုပါတယ်။
Ref: GSM Arena
[Zawgyi]
Huawei P40 နဲ႔ P40 Pro ေတြရဲ႕ Dark Render ေတြ ေပၚထြက္လာ
Huawie ဟာ လာမယ့္မတ္လထဲမွာ P40 နဲ႔ P40 Pro တို႔ကို တရားဝင္ မိတ္ဆက္ၿပီး ျဖန႔္ခ်ိမွာပါ။ ဒီသတင္းကို Richard Yu ကိုယ္တိုင္ကပဲ ထုတ္ေဖာ္ေျပာဆိုခဲ့တာပါ။ လက္ရွိအခ်ိန္အထိ ႏွစ္ႏိုင္ငံ ညႇိႏႈိင္းမႈေတြ မၿပီးဆုံးေသးတာေၾကာင့္ P40 နဲ႔ P40 Pro တို႔မွာ Google Service ေတြ ပါလာဦးမွာ မဟုတ္ဘူးလို႔ပဲ ဆိုရမွာပါ။
P40 နဲ႔ P40 Pro ေတြ မိတ္ဆက္မယ့္အခ်ိန္ကို သိရတယ္ဆိုေပမယ့္ ဒီဟန္းဆက္ေတြဟာ ဘယ္လိုပုံစံနဲ႔ ထြက္လာမလဲဆိုတာကို ေသခ်ာမသိရေသးပါဘူး။ အနီးစပ္ဆုံးေဖာ္ျပႏိုင္တဲ့ Render အျဖစ္ ေပါက္ၾကားေပၚထြက္လာတာကေတာ့ အနက္ေရာင္ Render ေတြပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီ Render ေတြက P40 နဲ႔ P40 Pro တို႔ရဲ႕ ပုံစံမွန္ကို အနီးစပ္ဆုံး ေတြ႕ျမင္ႏိုင္မွာပါ။
ဒီဇိုင္းပိုင္းအရ အေနာက္ကင္မရာေတြအတြက္ ကင္မရာအိမ္ဖြဲ႕စည္းပုံက P40 ေရာ P40 Pro ပါ ေထာင့္မွန္စတုဂံပုံစံေတြပဲ ျဖစ္ပါတယ္။ P40 ႏွစ္မ်ိဳးစလုံးရဲ႕ ကိုယ္ထည္တည္ေဆာက္ပုံကလည္း သိပ္ၿပီးကြာျခားတဲ့ပုံကို မေတြ႕ရပါဘူး။ လက္တေလာျမင္ေတြ႕ရတဲ့ Render အရ P40 ေတြရဲ႕ ကင္မရာဖြဲ႕တည္ထားပုံက Samsung Galaxy အခ်ိဳ႕ရဲ႕ ကင္မရာဖြဲ႕စည္းတည္ေဆာက္ပုံနဲ႔ ပ်မ္းမွ်အားျဖင့္ ဆင္တူေနတာကို ေတြ႕ရမွာပါ။
လက္ရွိ Render ေတြအရ P40 မွာ ေက်ာဘက္ ကင္မရာ ေလးလုံးပါဝင္မွာကို ေတြ႕ရပါတယ္။ 64MP Sony IMX686 အဓိကကင္မရာနဲ႔ 20MP ultra wide, 12MP periscope telephoto အပါအဝင္ ToF 3D ကင္မရာေတြ ပါဝင္မယ္လို႔လည္း ဆိုပါတယ္။ မ်က္ႏွာျပင္ကေတာ့ 6.1-inch ဒါမွမဟုတ္ 6.2-inch ျဖစ္မယ္လို႔ ဆိုပါတယ္။
P40 Pro ကေတာ့ မ်က္ႏွာျပင္အ႐ြယ္အစား 6.5-inch ကေန 6.7-inch ၾကား ရွိႏိုင္ပါတယ္။ မ်က္ႏွာျပင္ရဲ႕ ေလးဘက္ေလးတန္လုံးကို Water Fall Curve ေတြ ဖန္တီးေပးထားတယ္လို႔ သိရပါတယ္။ ဒီအတြက္ ေထာင့္ခ်ိဳးေတြမွာေတာ့ သတၱဳေဘာင္ေတြကို အထူးဒီဇိုင္းနဲ႔ တည္ေဆာက္ေပးထားတာကို ေတြ႕ျမင္ရပါတယ္။ ဒါဟာ အလြယ္တကူ ကြဲမသြားေအာင္ ကာကြယ္ထားႏိုင္တယ္လို႔လည္း ဆိုပါတယ္။
P40 နဲ႔ P40 Pro ႏွစ္မ်ိဳးစလုံးဟာ ေအာက္ေျခဘက္မွာ USB-C port, SIM card ေပါက္၊ စပီကာေပါက္ေတြ တပ္ဆင္ေပးထားတာပါ။ ပါဝါခလုတ္နဲ႔ အသံအတိုးအခ်ဲ႕ခလုတ္ေတြကေတာ့ ကိုယ္ထည္ရဲ႕ ညာဘက္ျခမ္းမွာေတြ႕ရပါတယ္။ 3.5mm Headphone ေပါက္ကိုေတာ့ ဘယ္ေနရာမွာမွ မေတြ႕ရပါဘူး။
Notch ေတြရွိတာကို မေတြ႕ရသလို Punch-hole လည္းမေတြ႕ရတာေၾကာင့္ Pop-up selfie ကင္မရာသုံးလာမယ္လို႔ တပ္အပ္ေျပာလို႔ေတာ့မရပါဘူး။ ဟန္းဆက္ႏွစ္ခုလုံးရဲ႕ မ်က္ႏွာျပင္ေတြဟာ OLED ေတြျဖစ္ၿပီး In-display Fingerprint ျဖစ္ပါလိမ့္မယ္။ P40 Pro ကေတာ့ 120Hz refresh rate, Quad HD+ resolution ျဖစ္တယ္လို႔ ေကာလာဟလ ထြက္ထားပါတယ္။
P40 Pro မွာေတာ့ 5,500mAh ဘက္ထရီပါဝင္လာဖြယ္ရွိၿပီး 50W အျမန္အားသြင္းစနစ္ကိုလည္း ေထာက္ပံ့ထားဖြယ္ရွိတယ္လို႔ သိရပါတယ္။ Kirin 990 SoC သုံးထားမွာျဖစ္ၿပီး 5G လည္းခ်ိတ္ဆက္ႏိုင္မယ္လို႔ ဆိုပါတယ္။
Ref: GSM Arena