[Unicode]

Huawei ဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်ကို ပုံမှန်မဟုတ်တဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ အစပျိုးချင်နေတယ်လို့ ဆိုရမှာပါ။ ပြောရရင်တော့ လာမယ့် မတ်လထဲမှာ မိတ်ဆက်လာဖွယ်ရှိတဲ့ Huawei P40 ရဲ့ ပြောင်းလဲသွားတဲ့ ကျောဘက်ကင်မရာတည်ဆောက်ပုံအကြောင်းပါ။

လွန်ခဲ့တဲ့ ရက်သတ္တပတ်ကပဲ Huawei P40 နဲ့ P40 Pro တို့ရဲ့ Black Render တွေ ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ ဒီ Render တွေအရ P40 နဲ့ P40 Pro တို့ရဲ့ ကျောဘက်ကင်မရာတွေဟာ ထောင့်မှန်စတုဂံပုံ ဖွဲ့စည်းတည်ဆောက်ထားတာကို တွေ့ကြရပါတယ်။ အခု ထွက်လာတဲ့ P40 TPU Case ကလည်း Render ပုံရိပ်တွေရဲ့ ဖော်ပြမှုမှန်ကန်ကြောင်း ထောက်ခံနေသလိုပါပဲ။

Huawei P40 နဲ့ ပတ်သက်တဲ့ ပေါက်ကြားမှုတွေ၊ ကောလာဟလတွေအတော့ အတော်လေးကို များခဲ့ပါပြီ။ ပြီးခဲ့တဲ့ရက်ကပဲ Huawei P40 မှာ Graphene battery သုံးမယ်ဆိုတဲ့သတင်းကို ကုမ္ပဏီက မဟုတ်ကြောင်း တရားဝင် ငြင်းချက်ထုတ်ခဲ့ရပါသေးတယ်။ ဒါပေမယ့် ကျောဘက်ကင်မရာတွေကတော့ တကယ်ပဲ ထောင့်မှန်စတုဂံပုံကင်မရာအိမ်ထဲမှာ ရှိနေမယ်လို့ ဆိုနိုင်ပါပြီ။

Case အရ ထပ်ပြီးသိနိုင်တာက Huawei P40 ဟာ အောက်ခြေမှာ USB Type-C ပါဝင်မှာဖြစ်ပြီး သူ့ရဲ့ညာဘက်မှာ စပီကာပေါက် တပ်ဆင်ပေးထားပါတယ်။ SIM ကဒ်ထည့်ပေါက်ကတော့ ဘယ်ဘက်ဘေးမှာ ရှိနေပြီး ပါဝါခလုတ်နဲ့ အသံအတိုးအချဲ့ခလုတ်တွေကတော့ ညာဘက်ဘောင်မှာ ဖြစ်ပါတယ်။ Audio Jack ပေါက်ကိုတော့ ချောင်ထိုးထားလိုက်ပြီလို့ ယူဆရပါတယ်။

Ref: Gizmochina

[Zawgyi]

Huawei P40 အေၾကာင္း အေတာ္မ်ားမ်ားသိႏိုင္တဲ့ TPU Case ဓါတ္ပုံမ်ားေပၚထြက္လာ

Huawei ဟာ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ကို ပုံမွန္မဟုတ္တဲ့ ဖက္ရွင္ဒီဇိုင္းေတြနဲ႔ အစပ်ိဳးခ်င္ေနတယ္လို႔ ဆိုရမွာပါ။ ေျပာရရင္ေတာ့ လာမယ့္ မတ္လထဲမွာ မိတ္ဆက္လာဖြယ္ရွိတဲ့ Huawei P40 ရဲ႕ ေျပာင္းလဲသြားတဲ့ ေက်ာဘက္ကင္မရာတည္ေဆာက္ပုံအေၾကာင္းပါ။

လြန္ခဲ့တဲ့ ရက္သတၱပတ္ကပဲ Huawei P40 နဲ႔ P40 Pro တို႔ရဲ႕ Black Render ေတြ ေပါက္ၾကားထြက္ေပၚခဲ့ပါတယ္။ ဒီ Render ေတြအရ P40 နဲ႔ P40 Pro တို႔ရဲ႕ ေက်ာဘက္ကင္မရာေတြဟာ ေထာင့္မွန္စတုဂံပုံ ဖြဲ႕စည္းတည္ေဆာက္ထားတာကို ေတြ႕ၾကရပါတယ္။ အခု ထြက္လာတဲ့ P40 TPU Case ကလည္း Render ပုံရိပ္ေတြရဲ႕ ေဖာ္ျပမႈမွန္ကန္ေၾကာင္း ေထာက္ခံေနသလိုပါပဲ။

Huawei P40 နဲ႔ ပတ္သက္တဲ့ ေပါက္ၾကားမႈေတြ၊ ေကာလာဟလေတြအေတာ့ အေတာ္ေလးကို မ်ားခဲ့ပါၿပီ။ ၿပီးခဲ့တဲ့ရက္ကပဲ Huawei P40 မွာ Graphene battery သုံးမယ္ဆိုတဲ့သတင္းကို ကုမၸဏီက မဟုတ္ေၾကာင္း တရားဝင္ ျငင္းခ်က္ထုတ္ခဲ့ရပါေသးတယ္။ ဒါေပမယ့္ ေက်ာဘက္ကင္မရာေတြကေတာ့ တကယ္ပဲ ေထာင့္မွန္စတုဂံပုံကင္မရာအိမ္ထဲမွာ ရွိေနမယ္လို႔ ဆိုႏိုင္ပါၿပီ။

Case အရ ထပ္ၿပီးသိႏိုင္တာက Huawei P40 ဟာ ေအာက္ေျခမွာ USB Type-C ပါဝင္မွာျဖစ္ၿပီး သူ႔ရဲ႕ညာဘက္မွာ စပီကာေပါက္ တပ္ဆင္ေပးထားပါတယ္။ SIM ကဒ္ထည့္ေပါက္ကေတာ့ ဘယ္ဘက္ေဘးမွာ ရွိေနၿပီး ပါဝါခလုတ္နဲ႔ အသံအတိုးအခ်ဲ႕ခလုတ္ေတြကေတာ့ ညာဘက္ေဘာင္မွာ ျဖစ္ပါတယ္။ Audio Jack ေပါက္ကိုေတာ့ ေခ်ာင္ထိုးထားလိုက္ၿပီလို႔ ယူဆရပါတယ္။

Ref: Gizmochina