Auto Chess ဂိမ်းအမျိုးအစား စတင်ရာပလက်ဖောင်းဖြစ်တဲ့ Dota 2 ဟာ Dota Underlords အမည်နဲ့ ကိုယ်ပိုင် Auto Chess ဂိမ်းကို ၂၀၁၉ အတွင်း မိတ်ဆက်ခဲ့ပါတယ်။ လအနည်းငယ်ကြာပြီးတဲ့ထိ Early Access အဆင့်မှာသာ ရှိခဲ့တဲ့ Dota Underlords ဟာ မကြာခင်မှာ Full Release အဖြစ် ထုတ်လွှင့်လာတော့မှာပါ။
ဒီဂိမ်းကို မိုဘိုင်းနဲ့ ပီစီပလက်ဖောင်းတွေမှာ ကစားနိုင်တာ ၆ လကျော်လောက်ရှိပြီဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာတော့ Season 1 အဖြစ် အတည် Launch လုပ်လာတော့မှာဖြစ်ပါတယ်။ Dota 2 နဲ့ Steam ပလက်ဖောင်းကို ပိုင်ဆိုင်တဲ့ Valve ကုမ္ပဏီကတော့ Dota Underlords Season 1 မှာ ဘာတွေပါလာမလဲ ဆိုတာနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်လျက်ရှိနေဆဲဖြစ်ပေမယ့် Content အသစ်တွေ၊ ပိုများတဲ့ Reward တွေနဲ့ Alliance Synergy အသစ်တွေ ယူဆောင်လာပေးမယ်လို့ ကတိပေးထားပါတယ်။
ဒီကြေညာချက်နဲ့အတူ Underlord အသစ်ဖြစ်တဲ့ Enno ပါဝင်တဲ့ Update အသစ်ကိုလည်း ထုတ်ပေးခဲ့ပြီး Full Release ထွက်လာဖို့ တစ်လခန့်သာလိုတော့တဲ့အချိန်မှာ ထွက်ရှိခဲ့တာကြောင့် ကျန်ရှိတဲ့အချိန်အတွင်းမှာတော့ Update အသစ်ထွက်လာဦးမှာ မဟုတ်သေးပါဘူး။ အဆိုပါ Update ထဲမှာ “ရက်သတ္တပတ်အနည်းငယ်အလွန်က ပြောခဲ့သလိုပဲ ဒါဟာ Season 1 မလာခင် နောက်ဆုံး Major Update ဖြစ်ပါတယ်” လို့ ဖော်ပြထားပါတယ်။
Dota Underlords ဟာ ထွက်ရှိလာချိန်မှာ ပလက်ဖောင်းအားလုံးကို တပြိုင်တည်း Full Release ပြုလုပ်မှာ ဖြစ်တဲ့အတွက် Steam, Android နဲ့ iOS ပလက်ဖောင်းတွေမှာ ကစားနိုင်မှာဖြစ်ပါတယ်။
Ref – Dote Esports