LG V60 ThinQ ရဲ့ အနောက်ဘက်ကို ပြသထားတဲ့ ဓါတ်ပုံတွေ ပြီးခဲ့တဲ့ လက ထွက်ပေါ်ခဲ့ပြီး အနောက်ကင်မရာ ၄ လုံးပါတာကို တွေ့ခဲ့ရပါတယ်။ အခုတော့ နောက်ထပ် ဓါတ်ပုံ ၁ ပုံထွက်ပေါ်လာပြီး အနောက်ကင်မရာ ၄ လုံးပါမယ်ဆိုတာ ပိုသေချာသွားပါတယ်။ အဲဒီ ဓါတ်ပုံကို နာမည်ကျော် Leakster Evan Blass က မျှဝေထားတာပါ။

ဓါတ်ပုံအရ V60 ThinQ မှာ ဆဲလ်ဖီး ကင်မရာကို အလယ်မှာ တပ်ဆင်ထားတဲ့အတွက် Notch ပါတဲ့ မျက်နှာပြင် ပါလာနိုင်ပါတယ်။ ဒါ့အပြင် မိုက်ကရိုဖုန်း ၄ လုံးနဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်သွင်းထားမယ်လို့ အတည်ပြုထားပါတယ်။ ဓါတ်ပုံမှာလိုတော့ V60 ThinQ ရဲ့ အနောက်ဘက်ဟာ ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်း မဟုတ်နိုင်ပါဘူး။

Evan Blass က နောက်ထပ် ဓါတ်ပုံ ၁ ပုံကို မျှဝေထားပြီး စမတ်ဖုန်းရဲ့ အောက်ခြေမှာ USB-C Port တပ်ဆင်ထားမယ်လို့ သိရပါတယ်။ သူ့ဘေးမှာ စပီကာနဲ့ 3.5mm Headphone Jack တွေ တွေ့ရပါတယ်။ LG က V60 ThinQ အကြောင်းကို မပြောသေးပါဘူး။ ဒါပေမယ့် တောင်ကိုရီးယားကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ထွက်ခဲ့တဲ့ သတင်းအရ အဲဒီဖုန်းကို ဒီလထဲမှာ ကျင်းပမယ့် MWC မှာ ကြေညာနိုင်ပြီး 5G ဆက်သွယ်မှု ပါလာမှာပါ။ DualScreen က ပိုလန်းလာမယ်လို့ သိရပါတယ်။ ဒါပေမယ့် LG က MWC မှာ မပါဝင်တော့ဘူးလို့ ပြောထားတဲ့အတွက် V60 ThinQ ကို မိတ်ဆက်မယ့် အချိန်ဟာ ဝေဝါးသွားခဲ့ပါပြီ။

Ref : gsmarena