Facebook က ကိုရိုနာဗိုင်းရက်စ်ကြောင့် ဈေးတင်ရောင်းချနေတဲ့အတွက် Medical Face Mask ကြော်ငြာတွေကို ယာယီ ပိတ်ပင်လိုက်ပါတယ်။ Facebook ရဲ့ ထုတ်ကုန် စီမံခန့်ခွဲမှု ဒါရိုက်တာ Rob Leathern က “ ကျွန်တော်တို့ COVID 19 ကို လေးလေးနက်နက် စောင့်ကြည့်နေပြီး လိုအပ်သလို မူဝါဒတွေ ပြောင်းလဲနေပါတယ်။ အများပြည်သူ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အမြတ်ထုတ်နေတာတွေကို ကာကွယ်သွားမှာပါ။ လာမယ့် ရက်ပိုင်းအတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ “ လို့ တွစ်တာမှာ ရေးသားထားပါတယ်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း WHO က Face Mask တွေ အများအပြား ဝယ်ယူနေကြတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ ဝန်ထမ်းတွေအတွက် ပစ္စည်းပြတ်နေတယ်လို့ အင်္ဂါနေ့က ပြောလိုက်ပါတယ်။ အဲဒီအတွက်ကြောင့် ကိုရိုနာဗိုင်းရက် ကူးစက်မှုပိုဆိုးသွားနိုင်ပါတယ်။

Facebook က ကိုရိုနာဗိုင်းရက်စ်နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေနဲ့ ဗိုင်းရက်စ် ကုသနည်း ကြော်ငြာတွေကို မကြာခင်က ပိတ်ပင်ခဲ့ပါတယ်။ ဗိုင်းရက်စ်နဲ့ ပတ်သက်တဲ့ Groups နဲ့ Pages တွေကိုလည်း ဖယ်ရှားနေပါတယ်။ Facebook က သူပိုင်တဲ့ Instagram မှာလည်း ဒီမူဝါဒကို ကျင့်သုံးမယ်လို့ ပြောပါတယ်။ Instagram ရဲ့ အကြီးအကဲ Adam Mosseri က “ ပစ္စည်းတွေ ပြတ်နေပြီး ဈေးတွေ တက်နေပါတယ်။ အများပြည်သူ ကျန်းမာရေး အပေါ် အမြတ်ထုတ်နေတဲ့ စီးပွားရေး သမားတွေကို ဆန့်ကျင်မှာပါ။ “ လို့ တွစ်တာမှာ ပို့စ်တင်ထားပါတယ်။

Ref : theverge