Motorola Moto G8 Power Lite ရဲ့ သတင်းတွေ ထွက်နေတာ ကြာပါပြီ။ အရင်က အဲဒီဖုန်းရဲ့ ဓါတ်ပုံတွေနဲ့ Specs တချို့ကို သိခဲ့ရပြီး မကြာခင်ကလည်း Google Play Console မှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေကို တွေ့ခဲ့ရပါတယ်။

အခုတော့ အီတလီကနေ အဲဒီဖုန်းရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေ ထပ်ပြီး ထွက်လာပါတယ်။ ဧပြီလမှာ အဲဒီဖုန်းကို ရောင်းမှာ ဖြစ်ပြီး ယူရို ၁၈၉.၉၉ သတ်မှတ်ထားမယ်လို့ သိရပါတယ်။ မြန်မာငွေ ၂ သိန်း ‌၉ သောင်းလောက်ရှိနိုင်ပါတယ်။

Motorola Moto G8 Power Lite မှာ အရွယ်အစား ကြီးမားတဲ့ 5,000mAh ဘက်ထရီပါလာမှာ ဖြစ်ပြီး Moto G8 Power နဲ့ ဘက်ထရီ ပမာဏ တူညီမှာဖြစ်ပါတယ်။ ကင်မရာတွေကလည်း တော်တော် တူညီပြီး 16MP Main ကင်မရာ၊ 8MP ကင်မရာ ၂ လုံးနဲ့ 2MP ကင်မရာ ၁ လုံးပါလာနိုင်ပါတယ်။ တခြား Specs တွေက ရိုးရိုးနဲ့ Lite မော်ဒယ်မှာ ကွဲပြားမှာ ဖြစ်ပြီး Lite မော်ဒယ်မှာ အရွယ်အစား ပိုကြီးတဲ့ ၆.၅ လက်မ 720x1600p မျက်နှာပြင် ပါလာမှာပါ။ ဆဲလ်ဖီး ကင်မရာ အတွက် Punch Hole အစား အရွယ်သေး Notch ကို သုံးထားမှာပါ။

အဓိက ကွာခြားချက်က Chipset ဖြစ်ပြီး Lite မှာ MediaTek Helio P35 မောင်းနှင်ထားမှာပါ။ 4GB RAM နဲ့ 64GB Storage ထည့်ထားပြီး NFC တော့ မပါပါဘူး။ အားသွင်းနှုန်းက ရိုးရိုး မော်ဒယ်ထက် နှေးသွားပြီး Lite မှာ 10W ပဲ ပါလာမှာပါ။

Ref : gsmarena