မျိုးပွား သိပ္ပံပညာမှာ တိုးတက်လာမှုကြောင့် စိတ်ကြိုက်မိသားစုတွေကို ဖန်တီးနိုင်တော့မှာ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက လူ့ အရေပြား သို့မဟုတ် သွေးဆဲလ်တွေကနေ သုတ်ပိုး နဲ့ မမျိုးဥ ကို ဖန်တီးနိုင်တဲ့ In-vitro Gametogenesis (IVG) နည်းလမ်းကို တီထွင်နေကြပါတယ်။ ဒီနည်းပညာက လိင်တူ စုံတွဲ၊ သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေး အခြေအနေကြောင့် အပါအဝင် ကလေး မရနိုင်သူတွေကို ကူညီပေးနိုင်ပါတယ်။

What is Fertilization? how do the sperms meet the eggs? - Process explained  | Cloudnine Blog

IVG နည်းလမ်းဟာ ကလေးမရနိုင်သူတွေကို ရအောင် ပြုလုပ်ပေးနိုင်တာထက် ပိုပါတယ်။ တစ်နေ့မှာ မိဘတွေဟာ ကလေးရဲ့ လိင်၊ ရုပ်ရည်၊ ဉာဏ်ရည်နဲ့ ကျန်းမာရေးကို စိတ်ကြိုက်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

Conception: How It Works | Patient Education | UCSF Health

IVG ကို ထောက်ခံအားပေးသူတွေက မျိုးရိုးလိုက်တဲ့ ရောဂါတွေကို လျှော့ချပေးနိုင်ပြီး လွတ်လပ်စွာမျိုးပွားခွင့်ကို ရရှိစေမယ်လို့ ပြောပါတယ်။ ဒါပေမယ့် တချို့ကတော့ အဲဒီ ကလေးတွေရဲ့ ဆိုးကျိုးတွေကို သတိပေးနေကြပြီး အဲဒီ နည်းလမ်းဟာ ချမ်းသာသူတွေအတွက်ပဲ ဖြစ်လာနိုင်တဲ့အတွက် လူမှုအဖွဲ့အစည်းမှာ မညီမျှမှုတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။ အဲဒီ နည်းလမ်းနဲ့ မွေးဖွားထားတဲ့ ကလေးတွေရဲ့ ရေရှည်ကျန်းမာရေး ပြဿနာတွေ ရှိလာနိုင်တယ်လို့လည်း ဝေဖန်ထားကြပါတယ်။

IVG ဟာ အကျိုးများစွာ ရှိစေမှာ ဖြစ်ပေမယ့် လက်ရှိမှာ စမ်းသပ်ဆဲ အဆင့်ပဲ ရှိသေးပြီး တိရိစ္ဆာန်တွေမှာပဲ စမ်းသပ်ရပါသေးတယ်။ လူတွေမှာ စမ်းသပ်ဖို့ နှစ်ပေါင်းများစွာ ကြာဦးမှာပါ။

Ref : Tech Explorers