မျက်မမြင်ဝေဒနာရှင်တွေ အမြင်အာရုံပြန်ရလာဖို့ မျှော်လင့်ချက်တွေ ပိုတောက်ပလာပါတယ်။ အမြင်အာရုံအတု ဖန်တီးပေးနိုင်မယ့် ကြိုးမဲ့ဦးနှောက်မြှုပ်နှံမှုစနစ် (ICVP) ကို အမေရိကန်နိုင်ငံ Rush တက္ကသိုလ်ဆေးဘက်ဆိုင်ရာစင်တာမှာ တတိယမြောက်လူနာကို အောင်မြင်စွာ ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

 

Revolutionary Wireless Visual Prosthesis Brain Implant Marks Two Years of  Successful Testing After Surgical Implantation | Illinois Institute of  Technology

ဒီနည်းပညာရဲ့ ထူးခြားချက်က ပျက်စီးနေတဲ့ မျက်ကြည်လွှာနဲ့ အမြင်အာရုံကြောတွေကို အသုံးမပြုတော့ဘဲ ဦးနှောက်ရဲ့ အမြင်အာရုံဗဟိုချက်ကို လျှပ်စစ်အချက်ပြမှုတွေနဲ့ တိုက်ရိုက်လှုံ့ဆော်ပေးတာပါ။ အခုနောက်ဆုံး ခွဲစိတ်မှုမှာတော့ အီလက်ထရုတ် (Electrode) ပေါင်း ၅၄၄ ခု ပါဝင်တဲ့ ကြိုးမဲ့လှုံ့ဆော်ကိရိယာ ၃၄ ခုကို လူနာရဲ့ ဦးနှောက်ထဲမှာ မြှုပ်နှံပေးခဲ့တာ ဖြစ်ပါတယ်။

Brain implant delivers artificial sight to people with complete blindness | Engineering and Technology Magazine

လူနာဟာ ခွဲစိတ်မှုကနေ ပြန်လည်သက်သာလာတာနဲ့ လမ်းသွားလမ်းလာပြုလုပ်တာနဲ့ အခြေခံအမြင်အာရုံဆိုင်ရာ ကိစ္စရပ်တွေအတွက် ဦးနှောက်ထဲကို ရောက်လာမယ့် အချက်ပြမှုတွေကို ဘယ်လိုဘာသာပြန်ရမလဲဆိုတာ စတင်လေ့ကျင့်ရမှာပါ။

တတိယမြောက်လူနာအထိ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တာဟာ ဒီစနစ်က လူတိုင်းအတွက် တကယ်အလုပ်ဖြစ်နိုင်တယ်ဆိုတာကို သက်သေပြလိုက်တဲ့ သိပ္ပံလောကရဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခုပဲ ဖြစ်ပါတယ်။

Ref: Fossbytes