သိပ္ပံပညာရှင်တွေက AI ကို အသုံးပြုထားတဲ့ အီလက်ထရောနစ် လျှာ အတုကို ဖန်တီးလိုက်ပြီး Coke နဲ့ Pepsi ကို ခွဲခြားနိုင်ပါတယ်။ အစားအစာထဲမှာ ပါတဲ့ ဓါတုဗေဒ ပစ္စည်းတွေကို အသေးစိတ် ခွဲခြားနိုင်ပါတယ်။

Penn State researchers have created an electronic "tongue" that uses AI to accurately tell the difference between sodas Coke and Pepsi.

Pennsylvania State University မှ သုတေသနပညာရှင်တွေက အဲဒီ လျှာရဲ့ ဆန်ဆာတွေဟာ အစားအစာဟာ လတ်ဆတ်သလား သို့မဟုတ် အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ပါနေသလားဆိုတာကို စစ်ဆေးနိုင်တယ်လို့ ပြောပါတယ်။

အဲဒီ လျှာကို Graphene ကို အသုံးပြုကာ တည်ဆောက်ထားတာ ဖြစ်ပြီး AI Neural Network နဲ့ ချိတ်ဆက်ထားပါတယ်။ ပညာရှင်တွေက အရသာခံနိုင်တဲ့ လူ့ဦးနှောက်ရဲ့ Gustatory Cortex ကို တုပ ဖန်တီးထားတာ ဖြစ်ပါတယ်။

May be an image of 1 person

ပညာရှင်တွေက လျှာအတုရဲ့ ခွဲခြမ်းစိတ်ဖြာမှုဟာ ၈၀ ရာခိုင်နှုန်း တိကျတယ်လို့ ပြောပါတယ်။ သစ်သီးဖျော်ရည်တွေဆိုရင် ၉၈ ရာခိုင်နှုန်း တိကျပါတယ်။ အဲဒီနည်းပညာဟာ အစားအစာရဲ့ လတ်ဆတ်မှုကို ခွဲခြားနိုင်ပြီး အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ပါသလားဆိုတာ စစ်ဆေးပေးနိုင်တဲ့အတွက် အလွန် အကျိုးရှိပါတယ်။

ပညာရှင်တွေက ဒီနည်းပညာဟာ အစားအစာ ထုတ်လုပ်တဲ့ နယ်ပယ်မှာ ဓါတုဗေဒ ပစ္စည်းတွေကို အချိန်ကုန်သက်သာစွာ ခွဲခြားပေးနိုင်တယ်လို့ ပြောပါတယ်။

Ref: nypost