အမေဇုန် (Amazon) ကုမ္ပဏီဟာ ဒီနှစ်ကုန်မှာ အမေရိကန်နိုင်ငံရှိ မြို့ပေါင်း ၅၀၀ နီးပါးကို ပေါ့ပါးတဲ့ ပါဆယ်ထုပ်တွေအတွက် ဒရုန်းနဲ့ ပို့ဆောင်ပေးမယ့် ဝန်ဆောင်မှုကို တိုးချဲ့သွားမှာဖြစ်ပါတယ်။ အဲဒီဝန်ဆောင်မှုဟာ အလေးချိန် ၅ ပေါင်အထိရှိတဲ့ ပါဆယ်ထုပ်တွေကို မိနစ် ၃၀ အတွင်း ပို့ဆောင်ပေးနိုင်ပြီး သန်းနဲ့ချီတဲ့ ဖောက်သည်တွေဆီ ရောက်ရှိဖို့ ရည်ရွယ်ထားပါတယ်။

အဲဒီတိုးချဲ့မှုဟာ မိုးမျှော်တိုက်တွေနဲ့ လေဆိပ်တွေကို ရှောင်ရှားပြီး အဓိကမြို့ကြီးတွေရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေကို ပစ်မှတ်ထားပါတယ်။ ဒါဟာ ဒရုန်းဝန်ဆောင်မှုကို အသုံးပြုနေတဲ့ ဝေါလ်မတ် (Walmart) နဲ့ ပြိုင်ဆိုင်မှုကို ပိုမိုပြင်းထန်လာစေပါတယ်။ Amazon Prime အဖွဲ့ဝင်တွေဟာ ဒေါ်လာ ၅၀ အထက် မှာယူမှုတွေအတွက် အခမဲ့ ပို့ဆောင်ခွင့်ရရှိမှာဖြစ်ပြီး အဖွဲ့ဝင်မဟုတ်သူတွေကတော့ အခကြေးငွေ ပေးဆောင်ရမှာဖြစ်ပါတယ်။

ဆေးဝါးတွေလို အရေးပေါ် ပစ္စည်းတွေအတွက် အကျိုးရှိနိုင်ပေမယ့် ဆူညံသံနဲ့ ဆင်းသက်ဖို့နေရာ အခက်အခဲတွေလို စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ အမေဇုန်ရဲ့ အမှုဆောင်အရာရှိချုပ်က ဒီနှစ်ကုန်မှာ ဖောက်သည် သန်း ၃၀ ကို ဝန်ဆောင်မှုပေးဖို့နဲ့ ဆယ်စုနှစ်ကုန်မှာ ပါဆယ်ထုပ် သန်း ၅၀၀ ပို့ဆောင်ပေးဖို့ ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါတယ်။
Ref : sjvsun