အမေရိကန် ပြည်ထောင်စု တက္ကဆပ် ၊ အော်စတင်မှ Alpha ပုဂ္ဂလိက ကျောင်းမှာ ဆရာတွေ အစား AI က ကျောင်းသားတွေကို စာသင်ပေးနေပါတယ်။ Alpha ကို ၂၀၁၄ ခုနှစ်က တည်ထောင်ခဲ့ပြီး သူငယ်တန်း ကနေ ၁၂ တန်းအထိ သင်ကြားပေးနေပါတယ်။ အခုတော့ လူသား ဆရာတွေ အစား AI ကို အသုံးပြုလာပါတယ်။
ကျောင်းကို ပူးတွဲတည်ထောင်တဲ့ MacKenzie Price က “ လူသား ဆရာတွေကို Guide အဖြစ် တာဝန်ပေးထားပါတယ်။ သူတို့က စာ မသင်ဘဲ ကျောင်းသားတွေရဲ့ ပညာရေး ရည်မှန်းချက်တွေကို လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။ ကျောင်းမှာ လူသား ဆရာတွေ မထားတော့ပါဘူး။ AI ကပဲ ကျောင်းသားတွေကို စာသင်ပေးတော့မှာပါ။ “ လို့ ပြောပါတယ်။
AI ဟာ ကျောင်းသား ၁ ယောက်ချင်းစီရဲ့ သင်ယူနိုင်တဲ့ စွမ်းရည်အလိုက် သင်ကြားပေးနိုင်ပါတယ်။ အဲဒီအတွက် ကျောင်းသားတွေအတွက် အလွန်ကို အကျိုးရှိစေပါတယ်။ ကျောင်းမှာ ပထမ ၂ နာရီအတွင်း ကျောင်းသားတွေဟာ AI နဲ့ စာသင်ကြားကြရပါတယ်။ AI က သင်္ချာ ၊ သိပ္ပံနဲ့ အဓိက ဘာသာရပ်တွေကို သင်ကြားပေးပါတယ်။ ကျန်တဲ့ ၆ နာရီမှာတော့ လူသား Guide တွေရဲ့ လူအများနဲ့ စကားပြောနည်း၊ စက်ရုပ် အပါအဝင် ဘဝ နေထိုင်နည်းတွေကို သင်ကြားကြရပါတယ်။
AI ဟာ ပညာရေးမှာ ကွာဟချက်တွေကို ကျဉ်းမြောင်းစေပြီး ကျောင်းသား ၁ ယောက်ချင်းစီရဲ့ လိုအပ်ချက် အလိုက်သင်ကြားပေးနိုင်ပါတယ်။ လူသား ဆရာတွေနဲ့ စာသင်ရတာ ခက်ခဲနေသူတွေအတွက် အသုံးဝင်ပါတယ်။
Ref : myelectricsparks