Zawgyi

Android ရဲ႕ ပိုင္ရွင္ၾကီးျဖစ္တဲ့ Google ဟာ Google I/O 2019 မွာ ေနာက္ထြက္မယ့္ Android OS ဗားရွင္း အသစ္ျဖစ္တဲ့ Android Q ကိုုထုတ္ေဖာ္ျပသခဲ့ျပီးျဖစ္ပါတယ္။ အဆိုပါ Android Q ဟာ စမ္းသပ္ဆဲ ဗားရွင္းသာျဖစ္ျပီး Beta 3 အဆင့္ကိုေတာ့ ေရာက္ရွိလို႔ေနပါျပီ။ အခုဆိုရင္ေတာ့ အဆိုပါ Android Q Beta 3 ဟာ ပူပူေႏြးေႏြးထြက္ရွိထားတဲ့ OnePlus 7 Series အတြက္ ထြက္ရွိလို႔လာပါျပီ။ Android Version အသစ္ေတြကို ဦးဦးဖ်ားဖ်ား သံုးႏိုင္ေအာင္ ၾကိဳးစားေပးတဲ့ OnePlus ကေတာ့ သူ႔ရဲ႕ အစဥ္အလာကို ထိမ္းထားတုန္းပါပဲ။ Android Q Beta 3 ကို စမ္းသပ္ဖို႔ စိတ္ပါဝင္စားတယ္ဆိုရင္ေတာ့ OnePlus ရဲ႕ Official Website ကို သြားေရာက္ၾကည့္ရွုႏိုင္ပါတယ္။ အဆိုပါ Android Q မွာ အခုလက္ရွိ Android Pie ထက္ ပိုမို အဆင့္ျမင့္တဲ့ လုပ္ေဆာင္ခ်က္ အသစ္ေတြအျပင္ API အသစ္ေတြကိုပါ ေထာက္ပံ့ေပးသြားမွာပါ။

အခုထြက္ရွိလာတဲ့ OnePlus 7 Series အတြက္ Android Q Beta 3 ဟာ Bug ေပါင္းမ်ားစြာနဲ႔ ျပည့္ႏွက္ေနတဲ့အတြက္ ေန႔စဥ္ ပံုမွန္ အသံုးျပဳဖို႔ အားထားရတဲ့ အဆင့္ေတာ့ မေရာက္ေသးပါဘူး။ အမွန္ေတာ့ ဒီ Android Q Beta 3 ဟာ Android Developer ေတြနဲ႔ Feature အသစ္ေတြကို စမ္းသပ္ရံုပဲ အသံုးျပဳခ်င္တဲ့ သူေတြကို ဦးတည္ျပီး ထုတ္ေပးထားတာပါ။ Ambient Display, Navigation Gestures ေတြနဲ႔ Recovery Mode ေတြကိုေတာ့ ေလာေလာဆယ္ အသံုးျပဳလို႔ ရဦးမွာ မဟုတ္ေသးပါဘူး။ VoLTE စနစ္ကို ဖြင့္ထားရင္ SMS ပို႔လို႔၊ လက္ခံလို႔ မရတဲ့ ျပႆနာကိုလည္း ၾကံဳေတြ႔ေနရပါေသးတယ္။ ဒါ့အျပင္ စနစ္ပိုင္း နဲ႔ App ေတြဟာ တည္ျငိမ္မွု မရွိေသးတာေၾကာင့္ ေန႔စဥ္္အျမဲ သံုးစြဲမယ့္ သူေတြအတြက္ေတာ့ လံုးဝ အဆင္ေျပမွာ မဟုတ္ပါဘူး။

တစ္ကယ္လို႔ အဆိုပါ Android Q Open Beta 3 ကို စမ္းသံုးမယ္ဆိုရင္ေတာ့ သင့္ရဲ႕ OnePlus ဖုန္း Storage ထဲက Data ေတြကို Backup လုပ္ထားဖို႔ OnePlus က သတိေပးထားပါတယ္။ ဒါ့အျပင္ Android Q Beta 3 ကို မသြင္းခင္ ဖုန္းရဲ႕ Internal Storage ကို 3GB အနည္းဆံုး အလြတ္ထားေပးဖို႔နဲ႔ ဘက္ထရီ ပမာဏကို အနည္းဆံုး 30% ထိသြင္းထားဖို႔ သတိေပးထားပါေသးတယ္။ Android Q Beta 3 ျပီးရင္ေတာ့ Android Q Beta 4 ဟာ ေနာက္ဆံုး အဆင့္ အေခ်ာသပ္ထားတဲ့ API ေတြနဲ႔ အတူ တရားဝင္ Software Development Kit ေတြနဲ႔ပါ ထြက္ရွိလာေတာ့မွာပါ။

Ref: Gizmo China

Unicode

Android Q Beta 3 ကို OnePlus 7 Series မှာ စမ်းသပ် အသုံးပြုနိုင်ပြီ

Android ရဲ့ ပိုင်ရှင်ကြီးဖြစ်တဲ့ Google ဟာ Google I/O 2019 မှာ နောက်ထွက်မယ့် Android OS ဗားရှင်း အသစ်ဖြစ်တဲ့ Android Q ကိုထုတ်ဖော်ပြသခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ Android Q ဟာ စမ်းသပ်ဆဲ ဗားရှင်းသာဖြစ်ပြီး Beta 3 အဆင့်ကိုတော့ ရောက်ရှိလို့နေပါပြီ။ အခုဆိုရင်တော့ အဆိုပါ Android Q Beta 3 ဟာ ပူပူနွေးနွေးထွက်ရှိထားတဲ့ OnePlus 7 Series အတွက် ထွက်ရှိလို့လာပါပြီ။ Android Version အသစ်တွေကို ဦးဦးဖျားဖျား သုံးနိုင်အောင် ကြိုးစားပေးတဲ့ OnePlus ကတော့ သူ့ရဲ့ အစဉ်အလာကို ထိမ်းထားတုန်းပါပဲ။ Android Q Beta 3 ကို စမ်းသပ်ဖို့ စိတ်ပါဝင်စားတယ်ဆိုရင်တော့ OnePlus ရဲ့ Official Website ကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။ အဆိုပါ Android Q မှာ အခုလက်ရှိ Android Pie ထက် ပိုမို အဆင့်မြင့်တဲ့ လုပ်ဆောင်ချက် အသစ်တွေအပြင် API အသစ်တွေကိုပါ ထောက်ပံ့ပေးသွားမှာပါ။

အခုထွက်ရှိလာတဲ့ OnePlus 7 Series အတွက် Android Q Beta 3 ဟာ Bug ပေါင်းများစွာနဲ့ ပြည့်နှက်နေတဲ့အတွက် နေ့စဉ် ပုံမှန် အသုံးပြုဖို့ အားထားရတဲ့ အဆင့်တော့ မရောက်သေးပါဘူး။ အမှန်တော့ ဒီ Android Q Beta 3 ဟာ Android Developer တွေနဲ့ Feature အသစ်တွေကို စမ်းသပ်ရုံပဲ အသုံးပြုချင်တဲ့ သူတွေကို ဦးတည်ပြီး ထုတ်ပေးထားတာပါ။ Ambient Display, Navigation Gestures တွေနဲ့ Recovery Mode တွေကိုတော့ လောလောဆယ် အသုံးပြုလို့ ရဦးမှာ မဟုတ်သေးပါဘူး။ VoLTE စနစ်ကို ဖွင့်ထားရင် SMS ပို့လို့၊ လက်ခံလို့ မရတဲ့ ပြဿနာကိုလည်း ကြုံတွေ့နေရပါသေးတယ်။ ဒါ့အပြင် စနစ်ပိုင်း နဲ့ App တွေဟာ တည်ငြိမ်မှု မရှိသေးတာကြောင့် နေ့စဉ််အမြဲ သုံးစွဲမယ့် သူတွေအတွက်တော့ လုံးဝ အဆင်ပြေမှာ မဟုတ်ပါဘူး။


တစ်ကယ်လို့ အဆိုပါ Android Q Open Beta 3 ကို စမ်းသုံးမယ်ဆိုရင်တော့ သင့်ရဲ့ OnePlus ဖုန်း Storage ထဲက Data တွေကို Backup လုပ်ထားဖို့ OnePlus က သတိပေးထားပါတယ်။ ဒါ့အပြင် Android Q Beta 3 ကို မသွင်းခင် ဖုန်းရဲ့ Internal Storage ကို 3GB အနည်းဆုံး အလွတ်ထားပေးဖို့နဲ့ ဘက်ထရီ ပမာဏကို အနည်းဆုံး 30% ထိသွင်းထားဖို့ သတိပေးထားပါသေးတယ်။ Android Q Beta 3 ပြီးရင်တော့ Android Q Beta 4 ဟာ နောက်ဆုံး အဆင့် အချောသပ်ထားတဲ့ API တွေနဲ့ အတူ တရားဝင် Software Development Kit တွေနဲ့ပါ ထွက်ရှိလာတော့မှာပါ။

Ref: Gizmo China