စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးအကဲဖြတ်တဲ့ AnTuTu က အောက်တိုဘာလအတွက် အကောင်းဆုံး စွမ်းရည်သင့် ဖုန်း ၁၀ လုံး စာရင်းကို ကြေညာလိုက်ပါတယ်။

Realme GT Neo5 SE

၁။ realme GT Neo 5 SE

နံပါတ် ၁ နေရာကို realme GT Neo 5 SE ရ သိမ်းပိုက်ထားပြီး ၁,၁၅၄,၆၀၀ မှတ်ရထားပါတယ်။ အဲဒီဖုန်းမှာ Snapdragon 7+ Gen 2 Chipset မောင်းနှင်ထားပြီး စွမ်းဆောင်ရည် အလွန်လျှင်မြန်ပါတယ်။

Redmi Note 12 Turbo

၂။ Redmi Note 12 Turbo

Redmi Note 12 Turbo က နံပါတ် ၂ နေရာမှာ ရှိနေပြီး ၁,၁၅၂,၃၂၅ မှတ်ရထားပါတယ်။ realme GT Neo 5 SE မှာလိုပဲ ဒီဖုန်းမှာ Snapdragon 7+ Gen 2 Chipset ထည့်ထားပါတယ်။

၃။ iQOO Z8

နံပါတ် ၃ နေရာကို iQOO Z8 က ရထားပြီး ၉၆၂,၆၂၉ မှတ်ရထားပါတယ်။ ဒီဖုန်းမှာ Dimensity 8200 Chipset ထည့်ထားပါတယ်။

၄။ vivo S17 Pro

vivo S17 Pro ဟာ ၉၅၁,၂၂၃ မှတ်နဲ့ နံပါတ် ၄ နေရာကို ရထားပါတယ်။ ဒီဖုန်းမှာလည်း Dimensity 8200 Chipset ပါပါတယ်။

၅။ iQOO Neo7 SE

iQOO Neo7 SE က ၉၅၀,၉၈၁ မှတ်နဲ့ နံပါတ် ၅ နေရာကို သိမ်းပိုက်ထားပါတယ်။ ဒီဖုန်းမှာလည်း Dimensity 8200 Chipset ထည့်ထားပါတယ်။

၆။ Civi 3

Xiaomi Civi 3 က နံပါတ် ၆ နေရာကို ၈၉၂,၇၀၄ မှတ်နဲ့ ရထားပါတယ်။ ဒီဖုန်းမှာ Dimensity 8200 Ultra Chipset သုံးထားပါတယ်။

နံပါတ် ၇ ၊ ၈ ၊ ၉ နဲ့ ၁၀ နေရာတွေကို Redmi K60E ၊ OnePlus Ace Racing Edition ၊ Redmi Note 12T Pro နဲ့ OPPO Reno9 Pro 5G တို့က အသီးသီး ရထားပါတယ်။

Ref : gizmochina