Zawgyi
Apple ဟာ LG ကုမၸဏီကို ဒုတိယေျမာက္ OLED Display ေထာက္ပံ့သူအျဖစ္ ေ႐ြးခ်ယ္ထားတယ္ဆိုတာကို ကိုရီးယားႏိုင္ငံ အေျခစိုက္ နည္းပညာသတင္း ဝက္ဆိုက္တစ္ခုျဖစ္တဲ့ ETNews ရဲ႕ သတင္းမ်ားအရ သိရပါတယ္။ Apple အေနနဲ႔ ၂၀၁၈ခုႏွစ္ထြက္ မ်ိဴးဆက္သစ္ iPhone ေတြအတြက္ OLED Display ေတြကို LG ဆီကေန ရယူအသုံးျပဳမယ့္ သတင္းေတြဟာ ၿပီးခဲ့တဲ့ ဇြန္လေလာက္ကတည္းက ထြက္ေပၚခဲ့တာျဖစ္ပါတယ္။
Apple ဟာ ၿပီးခဲ့တဲ့ ၂၀၁၇ခုႏွစ္တုန္း ထြက္ရွိခဲ့တဲ့ iPhone X အတြက္ OLED Display ေတြကိုေတာ့ Samsung ဆီကေန ရယူအသုံးျပဳခဲ့တာ ျဖစ္ပါတယ္။ ဒီႏွစ္ ၂၀၁၈ခုႏွစ္မွာေတာ့ iPhone XS နဲ႔ iPhone XS Max တို႔အတြက္ OLED Display ေတြကို Samsung ဆီကေန ဝယ္ယူအသုံးမျပဳေတာ့ဘဲ၊ LG ဆီမွာ ေျပာင္းလဲ အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။ Samsung OLED Panel ေတြက ေစ်းႀကီးတာက တစ္ေၾကာင္း၊ Apple ရဲ႕ အႀကီးမားဆုံး ၿပိဳင္ဘက္ျဖစ္တဲ့ Samsung က iPhone X ေရာင္းရသေလာက္ အျမတ္ေငြ ရေနတာက တစ္ေၾကာင္း စတဲ့ အေၾကာင္းအရာေတြေၾကာင့္ Samsung ဆီက OLED Panel ေတြကို Apple က အသုံးမျပဳေတာ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ iPhone XS နဲ႔ iPone XS Max တို႔ထက္ ေစ်းသက္သာတဲ့ iPhone XR မွာေတာ့ LG ရဲ႕ OLED Display ကို အသုံးမျပဳဘဲ LCD Display ကိုသာ အသုံးျပဳထားတာျဖစ္ပါတယ္။
LG အေနနဲ႔ သူတို႔ရဲ႕ ကိုယ္ပိုင္ OLED Display ကို LG V30 စမတ္ဖုန္းမွာ အသုံးျပဳခဲ့ၿပီး ျဖစ္ပါတယ္။ ဒါ့အျပင္ Google ရဲ႕ Pixel 2 XL အတြက္ OLED Display ေတြကိုလည္း LG က ေထာက္ပံ့ခဲ့တာ ျဖစ္ပါတယ္။ ETNews ရွိ သတင္းမ်ားအရ LG အေနနဲ႔ OLED Display ထုတ္လုပ္မႈ အပိုင္းကို ယခင္ကထက္ အရွိန္ျမႇင့္ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ဒါ့ေၾကာင့္ ေနာက္ပိုင္း စမတ္ဖုန္း ေတာ္ေတာ္မ်ားမ်ားမွာ LG ရဲ႕ OLED Display ေတြကို ျမင္ေတြ႕လာႏိုင္ပါတယ္။
Ref:theverge
Unicode
LG ရဲ့ OLED Display တွေကို အသုံးပြုထားတဲ့ iPhone XS နဲ့ iPhone XS Max
Apple ဟာ LG ကုမ္ပဏီကို ဒုတိယမြောက် OLED Display ထောက်ပံ့သူအဖြစ် ရွေးချယ်ထားတယ်ဆိုတာကို ကိုရီးယားနိုင်ငံ အခြေစိုက် နည်းပညာသတင်း ဝက်ဆိုက်တစ်ခုဖြစ်တဲ့ ETNews ရဲ့ သတင်းများအရ သိရပါတယ်။ Apple အနေနဲ့ ၂၀၁၈ခုနှစ်ထွက် မျိူးဆက်သစ် iPhone တွေအတွက် OLED Display တွေကို LG ဆီကနေ ရယူအသုံးပြုမယ့် သတင်းတွေဟာ ပြီးခဲ့တဲ့ ဇွန်လလောက်ကတည်းက ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
Apple ဟာ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်တုန်း ထွက်ရှိခဲ့တဲ့ iPhone X အတွက် OLED Display တွေကိုတော့ Samsung ဆီကနေ ရယူအသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၈ခုနှစ်မှာတော့ iPhone XS နဲ့ iPhone XS Max တို့အတွက် OLED Display တွေကို Samsung ဆီကနေ ဝယ်ယူအသုံးမပြုတော့ဘဲ၊ LG ဆီမှာ ပြောင်းလဲ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ Samsung OLED Panel တွေက စျေးကြီးတာက တစ်ကြောင်း၊ Apple ရဲ့ အကြီးမားဆုံး ပြိုင်ဘက်ဖြစ်တဲ့ Samsung က iPhone X ရောင်းရသလောက် အမြတ်ငွေ ရနေတာက တစ်ကြောင်း စတဲ့ အကြောင်းအရာတွေကြောင့် Samsung ဆီက OLED Panel တွေကို Apple က အသုံးမပြုတော့တာ ဖြစ်တယ်လို့ သိရပါတယ်။ iPhone XS နဲ့ iPone XS Max တို့ထက် စျေးသက်သာတဲ့ iPhone XR မှာတော့ LG ရဲ့ OLED Display ကို အသုံးမပြုဘဲ LCD Display ကိုသာ အသုံးပြုထားတာဖြစ်ပါတယ်။
LG အနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် OLED Display ကို LG V30 စမတ်ဖုန်းမှာ အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် Google ရဲ့ Pixel 2 XL အတွက် OLED Display တွေကိုလည်း LG က ထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။ ETNews ရှိ သတင်းများအရ LG အနေနဲ့ OLED Display ထုတ်လုပ်မှု အပိုင်းကို ယခင်ကထက် အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် နောက်ပိုင်း စမတ်ဖုန်း တော်တော်များများမှာ LG ရဲ့ OLED Display တွေကို မြင်တွေ့လာနိုင်ပါတယ်။
Ref:theverge