Apple က မူလမျိုးဆက် HomePod ကို ကြေညာအပြီး ၂ နှစ်အကြာမှာ ဒုတိယမျိုးဆက် HomePod ကို ချပြလိုက်ပါတယ်။ မော်ဒယ်အသစ်မှာ အပူချိန်နဲ့ လေထုစိုထိုင်းမှု တိုင်းတာပေးတဲ့ ဆန်ဆာ ပါလာပြီး စပီကာတွေကို ပြောင်းလဲထားပါတယ်။
HomePod အသစ်မှာ အရင်မျိုးဆက်မှာလို တူညီတဲ့ ၄ လက်မ အမြင့်ရှိ Woofer တပ်ဆင်ထားပြီး အရင်မျိုးဆက်က ၇ လုံးအစား Tweeter ၅ လုံး တပ်ဆင်ထားပါတယ်။ အရင်မျိုးဆက်က မိုက်ကရိုဖုန်း ၆ လုံးအစား ၄ လုံး ထည့်ပေးထားပါတယ်။
Apple S7 SoC မောင်းနှင်ထားပြီး အသံအရည်အသွေး ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ Apple TV 4K က Dolby Atmos Audio တွေကို ဖွင့်ပေးနိုင်ပြီး အပူချိန်နဲ့ လေထုစိုထိုင်းမှု ဆန်ဆာပါလာပါတယ်။ သင့် ပတ်ဝန်းကျင်က ရာသီဥတု အခြေအနေကိုအချိန်ပြည့်တိုင်းတာပေးနိုင်ပြီး သင် သတ်မှတ်ထားတဲ့ အပူချိန်ရောက်ရင် လေအေးပေးစက်ဖွင့်တာလို အလုပ်တွေကိုအလိုလို လုပ်ပေးနိုင်ပါတယ်။
White နဲ့ Gray Midnight ၂ ရောင် ထုတ်လုပ်ထားပြီး ၂၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့ ရောင်းချမှာ ဖြစ်ပါတယ်။
Ref : gsmarena