Xiaomi ရဲ့ လျှပ်စစ်ကားကို Apple User တွေ အကြိုက်တွေ့နေကြပါတယ်။ Xiaomi ဟာ လျှပ်စစ်ကား နယ်ပယ်ထဲကို အခုမှ ဝင်ရောက်လာတာ ဖြစ်ပေမယ့် Xiaomi SU7 ကို Apple User ၅၁.၉ ရာခိုင်နှုန်းက ဝယ်ယူထားကြပါတယ်။
ဘေဂျင်း Auto Show မှာ CEO Lei Jun က Apple User တွေဟာ Xiaomi SU7 ကို အစောဆုံး ဝယ်ယူထားကြတယ်လို့ ပြောပါတယ်။
Apple ဟာ ဆယ်စုနှစ်ကြာတဲ့ ကား စီမံကိန်းကို ရပ်နာခဲ့ပြီး Xiaomi ကတော့ ၃ နှစ်အတွင်း လျှပ်စစ်ကား ဈေးကွက်ထဲဝင်ရောက်လာနိုင်ခဲ့ပါတယ်။ အခုဆိုရင် Xiaomi ဟာ ပထမဆုံး လျှပ်စစ်ကားကို ထုတ်လုပ်ရောင်းချထားပါတယ်။
Apple users have shown remarkable interest, with 51.9% lock-in orders coming from them. With support for CarPlay and iPad, we're committed to making Xiaomi SU7 the most Apple-friendly EV available – the perfect choice for iPhone and iPad users.
— Lei Jun (@leijun) April 25, 2024
Xiaomi SU7 ကို Apple User တွေ အကြိုက်တွေ့ကြတာက CarPlay လို Apple Service တွေ ပါလို့ ဖြစ်ပါတယ်။ ဒါ့အပြင် SU7 မှာ iPad Integration ထောက်ပံ့ထားပြီး အနောက်ထိုင်ခုံကနေ ကားကို တစ်စိတ်တစ်ပိုင်း ထိန်းချုပ်နိုင်ပါတယ်။
Lei Jun က Xiaomi SU7 ကို Apple-friendly ကားဖြစ်အောင် ရည်ရွယ်ထားတယ်လို့ ပြောတဲ့အတွက် iPhone နဲ့ iPad User တွေ နှစ်သက်ကြပါတယ်။
Ref : gizmochina