Apple ရဲ့ Surprise and Shine ပွဲမှာ ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း iPhone အသစ်တွေ ထွက်လာပေမယ့် ဈေးနှုန်းကတော့ အရင်ကထက် ဒေါ်လာ ၁၀၀ စီ ခုန်တက်သွားပါတယ်။ 256GB storage ပါတဲ့ iPhone 18 Pro ကို ဒေါ်လာ ၁,၁၉၉ နဲ့ iPhone 18 Pro Max ကို ဒေါ်လာ ၁,၂၉၉ ကနေ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

ဈေးပိုပေးလိုက်ရတဲ့အတွက် ပိုမိုက်တဲ့ အတွေ့အကြုံတွေတော့ ရလာမှာပါ။ အဲဒီ ဖုန်းအသစ်တွေမှာ အလွန်မြန်ဆန်တဲ့ A20 Bionic processor အသစ်၊ ပိုမိုကောင်းမွန်တဲ့ ကင်မရာတွေအပြင် လူကြိုက်များနေတဲ့ dark cherry အရောင်အသစ်လည်း ပါဝင်လာပါတယ်။ အဲဒီ ဖုန်းတွေကို လာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့မှာ ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ တရားဝင် စတင်ကိုင်တွယ် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

တကယ်တော့ ဒီလို ဈေးတက်လာတာဟာ သိပ်တော့ အံ့ဩစရာ မဟုတ်ပါဘူး။ တချို့ ခန့်မှန်းချက်တွေထက်တောင် နည်းနေသေးတယ်လို့ ဆိုရမှာပါ။ အခုလို ဒေါ်လာ ၁၀၀ ဈေးတက်သွားတာဟာ ပြိုင်ဘက်တွေဖြစ်တဲ့ Samsung ရဲ့ Galaxy Z Fold 8 နဲ့ Z Flip 8 ၊ Google ရဲ့ Pixel 11 နဲ့ Pixel 11 Pro ဖုန်းတွေရဲ့ ဈေးနှုန်းတိုးမြှင့်မှုတွေနဲ့ တစ်ထပ်တည်း ကျနေတာကို မြင်တွေ့ရပါတယ်။
Ref : cnet