ပြီးခဲ့တဲ့လမှာ အင်ဒိုနီးရှားက iPhone 16 Series ရောင်းချမှုကို Ban ခဲ့ပါတယ်။ Apple ဟာ အင်ဒိုနီးရှားမှာ သုတေသန စက်ရုံတွေမှာ IDR 1.71 Trillion (107 Million USD) ရင်းနှီးမြှုပ်နှံမယ်လို့ ကတိပေးထားပေမယ့် မပြုလုပ်ပေးခဲ့လို့ Ban ခံရတာ ဖြစ်ပါတယ်။

Apple introduceert iPhone 16 en iPhone 16 Plus - Apple (NL)

ဒီလ အစောပိုင်းက Apple ဟာ ပိတ်ပင်မှုကို ပြေလည်စေဖို့ အင်ဒိုနီးရှားမှ စက်ရုံအသစ်မှာ ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံမယ်လို့ ကတိပေးခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက ၁၀ ဆ ပိုများတဲ့ ဒေါ်လာ သန်း ၁၀၀ အထိ ရင်းနှီးမြှုပ်နှံမယ်လို့ ပြောပါတယ်။ ဒါဟာ Apple မူလက ကတိပေးထားတဲ့ ရင်းနှီးမြှုပ်နှံမယ့် ငွေပမာဏလောက် ဖြစ်သွားပါတယ်။

Apple Fast Facts | CNN

Apple ဟာ အင်ဒိုနီးရှားမှာ ၂ နှစ်အတွင်း ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမှာ ဖြစ်တယ်လို့ ဒီကိစ္စနဲ့ ရင်းနှီးသူတွေက ပြောပါတယ်။

အရင်က ကတိပေးထားတဲ့ ဒေါ်လာ ၁၀ သန်းကို ဘန်ဒွန်းမြို့မှ Accessory နဲ့ အစိတ်အပိုင်း ထုတ်လုပ်တဲ့ စက်ရုံ တစ်ခုမှာ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ဒေါ်လာ သန်း ၉၀ ကို ဘယ်မှာ ရင်းနှီးမြှုပ်နှံမလဲ ဆိုတာ မသိရသေးပါဘူး။ Apple ဟာ သူ့ရဲ့ ထုတ်လုပ်မှု ပါတနာ Foxconn ကို အင်ဒိုနီးရှားမှာ လုပ်ငန်းလုပ်ကိုင်ခိုင်းတာ အပါအဝင် ရွေးချယ်စရာများစွာ ရှိပါတယ်။

Ref: gsmarena