Apple ကတော့ ဖင်မနိုင်ဘဲ ပဲကြီးဟင်း စားတဲ့အတွက် တရားစွဲခံလိုက်ရပါပြီ။ Apple Intelligence Feature တွေနဲ့ ပတ်သက်တဲ့ ကြော်ငြာကြောင့် Apple ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တရားစွဲလိုက်ပါတယ်။ Apple ဟာ လိမ်လည်ကြော်ငြာထားလို့ တရားစွဲတာ ဖြစ်ပါတယ်။

Apple to approach US court to dismiss 'massive & vague' DoJ antitrust case – Firstpost

Apple Intelligence Feature တွေ အသုံးပြုလို့ရမယ်ထင်လို့ Apple Device အသစ်တွေ ဝယ်ထားသူတွေဟာ နစ်နာမှုတွေ ရှိတဲ့အတွက် တရားစွဲတာ ဖြစ်ပါတယ်။ အဲဒီ Apple Intelligence Feature တွေကို အခုထက်ထိ အသုံးပြုလို့ မရသေးပါဘူး။

Russian court fines Apple for not deleting two podcasts, RIA reports - CNA

Apple ဟာ ကြော်ငြာမှာ အဲဒီအချိန်တုန်းက မရသေးတဲ့ Apple Intelligence Feature တွေကို ထည့်သွင်း အသုံးပြုခဲ့ပါတယ်။ Device အသစ်တွေ ထွက်လာပြီးနောက် အခုထက်ထိလည်း အသုံးပြုလို့ မရသေးပါဘူး။

Apple ဟာ Siri ရဲ့ ဉာဏ်ရည်မြင့် Version ကို ပြီးခဲ့တဲ့နှစ်က တီဗီမှာ တော်တော် ကြော်ငြာခဲ့ပါတယ်။ အဲဒီ Siri Feature တွေဟာလည်း အခုထက်ထိ မထွက်လာသေးပါဘူး။

Apple ဟာ နောက်ပိုင်းမှာ အဲဒီ ကြော်ငြာကို ဖြုတ်ချခဲ့ပေမယ့် သုံးစွဲသူတွေအတွက် ထိခိုက်မှုတွေ ဖြစ်ခဲ့ရပါတယ်။

Ref: mashable