တရုတ်ပြင်ပက Apple စတိုး အများစုကို ကိုရိုနာဗိုင်းရက်စ်ကြောင့် မတ်လလယ်လောက်ထဲက ပိတ်ထားပါတယ်။ အခုတော့ Apple Fans တွေ ဝမ်းသာရမယ့် သတင်း ထွက်လာပါတယ်။ Bloomberg က Apple ဟာ မေလမှာ စတိုး တော်တော်များများ ပြန်ဖွင့်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ Apple ရဲ့ စတိုးဌာနမှ ဒုတိယ ဥက္ကဌ Deirdre O’Brien က အဲဒီ သတင်းကို ဝန်ထမ်းတွေအား Video Update နဲ့ အသိပေးလိုက်တာလို့ သိရပါတယ်။
သူမက “ နိုင်ငံတိုင်းမှာ ကျန်းမာရေး အခြေအနေကို လေ့လာစောင့်ကြည့်နေပြီး မေလမှာ စတိုးများစွာ ပြန်လည် ဖွင့်လှစ်နိုင်မယ်လို့ ထင်ပါတယ်။ “ လို့ ပြောပါတယ်။ တရုတ် စတိုးတွေ အပြင် Apple ဟာ ဧပြီလမှာ ဆိုးလ်က စတိုး ၁ ခုကို ပြန်ဖွင့်ခဲ့ပေမယ့် တခြား နိုင်ငံတွေက စတိုးတွေကို ဆက်လက် ပိတ်ထားတာပါ။
O’Brien က မေလမှာ ဘယ်စတိုးတွေ ပြန်ဖွင့်မလဲဆိုတာ မပြောသေးပါဘူး။ ဒါပေမယ့် Bloomberg က သူမဟာ အမေရိကန် တချို့ တည်နေရာတွေက စတိုးတွေကို မေလ အစောပိုင်းမှာ ပြန်ဖွင့်မယ်လို့ ဝန်ထမ်းတွေကို အရင်က ပြောထားဖူးပါတယ်။ MacRumors ကတော့ Apple ဟာ ဇွန်လလယ်မှာ မြောက်အမေရိကက စတိုးတွေကို ဖွင့်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
Apple ဟာ ဒီလ ၃၀ ရက်နေ့မှာ မတ်လ ကွာတားရဲ့ ဝင်ငွေစာရင်းကို ထုတ်ပြန်ကြေညာဖို့ ရှိပြီး ဗိုင်းရက်စ်ကြောင့် တရုတ်က စက်ရုံ ၊ အလုပ်ရုံတွေကို ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလမှာ ပိတ်ထားခဲ့ရတဲ့အတွက် ဝင်ငွေ အရမ်း ထိခိုက်နိုင်ပါတယ်။ ဇွန်လ ကွာတား ဝင်ငွေဟာ စတိုးတွေ ပြန်ဖွင့်နိုင်တဲ့ အပေါ် အများကြီး မူတည်နေပါတယ်။
Ref : mashable