Apple ရဲ့ သတင်းထွက်နေတဲ့ Foldable iPhone ဟာ ဈေးတော်တော်ကြီးမှာ ဖြစ်ပါတယ်။ ဈေးကွက် လေ့လာဆန်းစစ်သူ Tim Long က အဲဒီဖုန်းကို အမေရိကန်မှာ ဒေါ်လာ ၂,၃၀၀ နဲ့ ရောင်းချနိုင်တယ်လို့ ပြောပါတယ်။
Long ဟာ အာရှကို ခရီးသွားပြီး Supplier တွေနဲ့ တွေ့ဆုံပြီးနောက်မှာ အဲဒီဖုန်းကို ၂၀၂၆ နှောင်းပိုင်း သို့မဟုတ် ၂၀၂၇ ခုနှစ် အစောပိုင်းမှာ ရောင်းချနိုင်တယ်လို့ ပြောပါတယ်။ အဲဒီဖုန်း ဈေးနှုန်းဟာ ဒေါ်လာ ၁,၁၉၉ ရှိတဲ့ တန်ဖိုးအနည်းဆုံး iPhone 16 Pro Max ထက် ၂ ဆ ပိုများနေပါတယ်။
ဒီလ အစောပိုင်းမှာ နာမည်ကြီး လေ့လာဆန်းစစ်သူ Ming-Chi Kuo က Foldable iPhone ကို ဒေါ်လာ ၂,၀၀၀ နဲ့ ၂,၅၀၀ အကြား ရောင်းချမယ်လို့ ပြောခဲ့ပါတယ်။ သူက အဲဒီဖုန်းမှာ 7.8” Folding Screen , 5.5” Cover Display ပါလာမယ်လို့ ပြောပါတယ်။ အနောက်ကင်မရာ ၂ လုံး၊ Touch ID Power Button ထည့်သွင်းထားနိုင်ပါတယ်။
ဖြန့်ထားရင် ဖုန်း အထူက ၄.၅ မီလီမီတာနဲ့ ခေါက်ထားရင် ၉ မီလီမီတာ ရှိမှာပါ။ အဆင့်မြင့် Hinge ကြောင့် ပင်မ Display မှာ ခေါက်ချိုးရာ မပါလာဘူးလို့ သိရပါတယ်။ Kuo က Foldable iPhone ရဲ့ Hinge နဲ့ Midframe ကို Bright Laser Technologies (BLT) က ထုတ်လုပ်ပေးထားမယ်လို့ ပြောပါတယ်။
အဲဒီ အစိတ်အပိုင်း ၂ ခုစလုံးကို Stainless Steel , Titanium နဲ့ တည်ဆောက်ထားနိုင်ပြီး အဆင့်မြင့် 3D Printing နည်းပညာနဲ့ ထုတ်လုပ်ထားနိုင်ပါတယ်။
Ref : Gizmochina