ကိုရိုနာဗိုင်းရက်စ်ကြောင့်  အထင်ကရ နည်းပညာ ပြပွဲတွေ ဖျက်သိမ်းခဲ့ကြရပါတယ်။ အခုတော့ Apple က ကယ်လီဖိုးနီးယားမှာ နှစ်စဉ် ဇွန်လမှာ ကျင်းပနေတဲ့ WWDC (WorldWide Developer Conference) အကြောင်းကို ပြောပြလိုက်ပါတယ်။

ဒီနှစ်မှာတော့ ဗိုင်းရက်စ်ကြောင့် အစီအစဉ်ကို ပြောင်းလဲတော့မှာပါ။ ဇွန်လမှာ ကျင်းပမှာ ဖြစ်ပေမယ့် အွန်လိုင်းကနေပဲ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီလို အွန်လိုင်းကနေပဲ WWDC ကို ကျင်းပတာ Apple သမိုင်းမှာ ဒါ ပထမဆုံးပါ။ WHO က မကြာခင်ကပဲ ကိုရိုနာဗိုင်းရက်စ်ကို ကမ္ဘာမှာ လျှင်လျှင်မြန်မြန် ကူးစက်နေတဲ့ ကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့ပြီး Apple က လက်ရှိ ကျန်းမာရေး အခြေအနေကြောင့် WWDC 2020 ကို အွန်လိုင်းကနေ ကျင်းပတာလို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရက်စ် သတင်းတွေ နေ့တိုင်း ကြားနေရပါတယ်။ ပွဲကို အွန်လိုင်းကနေ ကျင်းပတာ ဖြစ်ပေမယ့် WWDC မှာ အရင်နှစ်တွေကလို အစီအစဉ် အပြည့်အစုံကို ပြုလုပ်မှာ ဖြစ်ပါတယ်။ Apple က အသေးစိတ်သတင်းအချက်အလက်တွေကို Developers တွေအား မျှဝေမှာ ဖြစ်ပြီး   WWDC ကို အွန်လိုင်းမှာ ပြောင်းလဲကျင်းပတဲ့အတွက် San Jose က နစ်နာသွားတဲ့ အဖွဲ့အစည်းတွေကို ဒေါ်လာ ၁ သန်းပေးဖို့ ကုမ္ပဏီက သဘောတူထားပါတယ်။

Ref : gsmarena