Zawgyi

၂၀၁၈ခုႏွစ္ ထုတ္ ZenFone စီးရီးေတြဟာ ေျပာင္းလဲမႈမ်ားစြာ ျပဳလုပ္ထားသလို ဒီဇိုင္းပိုင္းနဲ႔ စြမ္းေဆာင္ရည္အပိုင္းမွာလည္း အမ်ားႀကီး တိုးတက္လာတယ္လို႔ ေျပာရမွာပါ။ မၾကာေသးမီက ထြက္ရွိခဲ့တဲ့ ASUS ရဲ႕ ZenFone 5 ဟာဆိုရင္ AI Dual Cameras နဲ႔ AI Photo Learning နည္းပညာမ်ား ပါဝင္တဲ့ စမတ္ဖုန္း အျဖစ္ ပြဲထြက္လာခဲ့တာ ျဖစ္ပါတယ္။

ASUS ZenFone 5 ရဲ႕ Display အပိုင္းအတြက္ ၆.၂ လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ FHD+ LCD Display ကို အသုံးျပဳေပးထားၿပီး Resolution ကေတာ့ 1080 x 2246 pixels ရွိပါတယ္။ ဒါ့အျပင္ Screen to body ratio က 83.6% ရွိၿပီး 18.7:9 ratio Display အမ်ိဴးအစားျဖစ္တာေၾကာင့္ Screen Size ႀကီးႀကီးမွာ ၾကည္လင္ျပတ္သားတဲ့ ႐ုပ္ထြက္ေတြကို အရသာရွိရွိ ၾကည့္ရႈခံစားႏိုင္မွာ ျဖစ္ပါတယ္။ Audio အပိုင္းအတြက္ Stereo Speaker ကို တပ္ဆင္ေပးထားမွာ ျဖစ္ၿပီး AI နည္းပညာသုံး Noise Canceling စနစ္လည္း ပါဝင္မွာပါ။

ASUS ZenFone 5 ရဲ႕ ေနာက္ေက်ာဘက္ ကင္မရာအတြက္ Aperture f/1.8 ရွိတဲ့ 12MP Camera နဲ႔ Aperture f/2.0 ရွိတဲ့ 8MP Camera ေတြကို အသုံးျပဳထားၿပီး ေရွ႕မ်က္ႏွာျပင္မွာေတာ့ Aperture f/2.0 ရွိတဲ့ 8MP Camera ကို တပ္ဆင္ထားပါတယ္။ Normal Shot ေတြမွာ ေသသပ္လွပတဲ့ ဓါတ္ပုံေတြ ႐ိုက္ကူးႏိုင္မွာ ျဖစ္သလို Low-light မွာလည္း Noise သိပ္မထတဲ့၊ Detail ျပတ္သားတဲ့ ပုံရိပ္ေတြကို ႐ိုက္ကူးႏိုင္တာ ေတြ႕ရပါတယ္။

Processor အပိုင္းအတြက္ Qualcomm ရဲ႕ Snapdragon 636 SoC ကိုအသုံးျပဳထားၿပီး Adreno 509 GPU ပါဝင္မွာပါ။ RAM အေနနဲ႔ 4GB ပါဝင္ၿပီး Memory Storage ကိုေတာ့ 64GB ထည့္သြင္းေပးထားပါတယ္။ ဒါ့ေၾကာင့္ Asphalt 8, Asphalt Xtreme, TEKKEN, PUBG စတဲ့ ဂိမ္းအႀကီးႀကီးေတြကို Frame Rate က်သြားျခင္းမရွိဘဲ ေဆာ့ကစားႏိုင္တာ ေတြ႕ရပါတယ္။ ဒါ့အျပင္ Game Streamer ေတြအေနနဲ႔ မိမိ ဂိမ္းကစားေနတာကို Youtube Channel ေတြမွာ Live လႊင့္ဖို႔အတြက္ Third-party Application သုံးစရာ မလိုဘဲ ZenFone 5 မွာ အသင့္ပါတဲ့ Game Genie Feature ကေန တဆင့္ Live လႊင့္ႏိုင္မွာ ျဖစ္ပါတယ္။ ေနာက္ၿပီး AI Boost Feature ပါဝင္တာေၾကာင့္ ဂိမ္းေတြကို Performance ေကာင္းေကာင္းနဲ႔ ေဆာ့ကစားႏိုင္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ AI Boost Feature ကို ဖြင့္ၿပီး ဂိမ္းကစားမယ္ဆိုရင္ေတာ့ သာမန္ ဂိမ္းကစားတာထက္ ဘက္ထရီအားက်ဆင္းမႈ ပိုမိုျမန္ဆန္မွာ ျဖစ္ပါတယ္။ ဖုန္းအပူခ်ိန္ ျမင့္တက္လာတာမ်ိဴးလည္း ျဖစ္တတ္ပါတယ္။

Security အပိုင္းအတြက္ Fingerprint Sensor ပါဝင္မွာျဖစ္သလို Face Unlock စနစ္ကိုလည္း အသုံးႏိုင္မွာ ျဖစ္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏအတြက္ 3300mAh ထည့္သြင္းထားၿပီး အျမန္အားသြင္းစနစ္လည္း အသုံးႏိုင္မွာ ျဖစ္ပါတယ္။ ZenFone 5 ရဲ႕ အျမန္အားသြင္းစနစ္က 0 to 100 အားသြင္းမယ္ဆိုရင္ ၁နာရီနဲ႔ ၄၅မိနစ္ခန္႔ လိုအပ္မွာ ျဖစ္ပါတယ္။ ဘက္ထရီအား အရမ္းစားတဲ့ ဂိမ္းေတြကို ၁နာရီေလာက္ ေဆာ့လိုက္တဲ့အခါမွာ ၁၅% ကေန ၂၀% နီးပါး ဘက္ထရီအား က်ဆင္းသြားပါတယ္။ ဒီေတာ့ ဂိမ္းေဆာ့လိုက္၊ Web Browsing လုပ္လိုက္၊ ဗီဒီယိုၾကည့္လိုက္ လုပ္မယ္ဆိုရင္ေတာ့ တစ္ေန႔တာအတြက္ လုံေလာက္စြာ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

ASUS ZenFone 5 ဟာ Android 8.0 Oreo ကို လွပဆန္းသစ္တဲ့ ZenUI 5.0 နဲ႔ Customize ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ အေလးခ်ိန္က ၁၅၅ဂရမ္သာ ရွိတဲ့အတြက္ ေပ့ါေပ့ါပါးပါး စမတ္ဖုန္းကိုမွ ကိုင္ေဆာင္ခ်င္တဲ့ သူေတြအတြက္ အႀကိဳက္ေတြ႕ေစမွာပါ။ ASUS ZenFone 5 ကို ျမန္မာႏိုင္ငံမွာ ေရာင္းခ်ေနတဲ့ ေစ်းႏႈန္းကေတာ့ ၃၉၉,၀၀၀ က်ပ္ျဖစ္ပါတယ္။

 

Unicode

ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ AI လုပ်ဆောင်ချက်များ ပါဝင်တဲ့ ASUS ZenFone 5

၂၀၁၈ခုနှစ် ထုတ် ZenFone စီးရီးတွေဟာ ပြောင်းလဲမှုများစွာ ပြုလုပ်ထားသလို ဒီဇိုင်းပိုင်းနဲ့ စွမ်းဆောင်ရည်အပိုင်းမှာလည်း အများကြီး တိုးတက်လာတယ်လို့ ပြောရမှာပါ။ မကြာသေးမီက ထွက်ရှိခဲ့တဲ့ ASUS ရဲ့ ZenFone 5 ဟာဆိုရင် AI Dual Cameras နဲ့ AI Photo Learning နည်းပညာများ ပါဝင်တဲ့ စမတ်ဖုန်း အဖြစ် ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

ASUS ZenFone 5 ရဲ့ Display အပိုင်းအတွက် ၆.၂ လက်မ မျက်နှာပြင် အကျယ်ရှိ FHD+ LCD Display ကို အသုံးပြုပေးထားပြီး Resolution ကတော့ 1080 x 2246 pixels ရှိပါတယ်။ ဒါ့အပြင် Screen to body ratio က 83.6% ရှိပြီး 18.7:9 ratio Display အမျိူးအစားဖြစ်တာကြောင့် Screen Size ကြီးကြီးမှာ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်တွေကို အရသာရှိရှိ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ Audio အပိုင်းအတွက် Stereo Speaker ကို တပ်ဆင်ပေးထားမှာ ဖြစ်ပြီး AI နည်းပညာသုံး Noise Canceling စနစ်လည်း ပါဝင်မှာပါ။

ASUS ZenFone 5 ရဲ့ နောက်ကျောဘက် ကင်မရာအတွက် Aperture f/1.8 ရှိတဲ့ 12MP Camera နဲ့ Aperture f/2.0 ရှိတဲ့ 8MP Camera တွေကို အသုံးပြုထားပြီး ရှေ့မျက်နှာပြင်မှာတော့ Aperture f/2.0 ရှိတဲ့ 8MP Camera ကို တပ်ဆင်ထားပါတယ်။ Normal Shot တွေမှာ သေသပ်လှပတဲ့ ဓါတ်ပုံတွေ ရိုက်ကူးနိုင်မှာ ဖြစ်သလို Low-light မှာလည်း Noise သိပ်မထတဲ့၊ Detail ပြတ်သားတဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်တာ တွေ့ရပါတယ်။

Processor အပိုင်းအတွက် Qualcomm ရဲ့ Snapdragon 636 SoC ကိုအသုံးပြုထားပြီး Adreno 509 GPU ပါဝင်မှာပါ။ RAM အနေနဲ့ 4GB ပါဝင်ပြီး Memory Storage ကိုတော့ 64GB ထည့်သွင်းပေးထားပါတယ်။ ဒါ့ကြောင့် Asphalt 8, Asphalt Xtreme, TEKKEN, PUBG စတဲ့ ဂိမ်းအကြီးကြီးတွေကို Frame Rate ကျသွားခြင်းမရှိဘဲ ဆော့ကစားနိုင်တာ တွေ့ရပါတယ်။ ဒါ့အပြင် Game Streamer တွေအနေနဲ့ မိမိ ဂိမ်းကစားနေတာကို Youtube Channel တွေမှာ Live လွှင့်ဖို့အတွက် Third-party Application သုံးစရာ မလိုဘဲ ZenFone 5 မှာ အသင့်ပါတဲ့ Game Genie Feature ကနေ တဆင့် Live လွှင့်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး AI Boost Feature ပါဝင်တာကြောင့် ဂိမ်းတွေကို Performance ကောင်းကောင်းနဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် AI Boost Feature ကို ဖွင့်ပြီး ဂိမ်းကစားမယ်ဆိုရင်တော့ သာမန် ဂိမ်းကစားတာထက် ဘက်ထရီအားကျဆင်းမှု ပိုမိုမြန်ဆန်မှာ ဖြစ်ပါတယ်။ ဖုန်းအပူချိန် မြင့်တက်လာတာမျိူးလည်း ဖြစ်တတ်ပါတယ်။

Security အပိုင်းအတွက် Fingerprint Sensor ပါဝင်မှာဖြစ်သလို Face Unlock စနစ်ကိုလည်း အသုံးနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအတွက် 3300mAh ထည့်သွင်းထားပြီး အမြန်အားသွင်းစနစ်လည်း အသုံးနိုင်မှာ ဖြစ်ပါတယ်။ ZenFone 5 ရဲ့ အမြန်အားသွင်းစနစ်က 0 to 100 အားသွင်းမယ်ဆိုရင် ၁နာရီနဲ့ ၄၅မိနစ်ခန့် လိုအပ်မှာ ဖြစ်ပါတယ်။ ဘက်ထရီအား အရမ်းစားတဲ့ ဂိမ်းတွေကို ၁နာရီလောက် ဆော့လိုက်တဲ့အခါမှာ ၁၅% ကနေ ၂၀% နီးပါး ဘက်ထရီအား ကျဆင်းသွားပါတယ်။ ဒီတော့ ဂိမ်းဆော့လိုက်၊ Web Browsing လုပ်လိုက်၊ ဗီဒီယိုကြည့်လိုက် လုပ်မယ်ဆိုရင်တော့ တစ်နေ့တာအတွက် လုံလောက်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ASUS ZenFone 5 ဟာ Android 8.0 Oreo ကို လှပဆန်းသစ်တဲ့ ZenUI 5.0 နဲ့ Customize ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အလေးချိန်က ၁၅၅ဂရမ်သာ ရှိတဲ့အတွက် ပေ့ါပေ့ါပါးပါး စမတ်ဖုန်းကိုမှ ကိုင်ဆောင်ချင်တဲ့ သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ ASUS ZenFone 5 ကို မြန်မာနိုင်ငံမှာ ရောင်းချနေတဲ့ စျေးနှုန်းကတော့ ၃၉၉,၀၀၀ ကျပ်ဖြစ်ပါတယ်။