ကမ္ဘာ့ အကြီးမားဆုံး နည်းပညာ ကုန်ပစ္စည်းတွေ ပြသတဲ့ Consumer Electronics Show (CES) ကို စတင် ကျင်းပနေပြီ ဖြစ်ပါတယ်။ အဲဒီ ပွဲမှာ Nvidia က Grace Blackwell ပလက်ဖောင်းအပေါ်မှာ တည်ဆောက်ထားတဲ့ Personal AI စူပါကွန်ပြူတာ ဖြစ်တဲ့ Project DIGITS ကို ပြသလိုက်ပါတယ်။
![]()
GB10 Superchip နဲ့ မောင်းနှင်ထားတာ ဖြစ်ပြီး AI စွမ်းရည်က တော်တော် ကြမ်းပါတယ်။ 128GB Memory နဲ့ 4TB Storage ထည့်သွင်းထားပါတယ်။

အဲဒီ AI စူပါကွန်ပြူတာမှာ Nvidia ရဲ့ AI Ecosystem ထည့်သွင်းထားပြီး Cloud Environment မှာ အသုံးပြုနိုင်တဲ့ PyTorch , Jupyter Notebooks နဲ့ NeMo တို့ ပါပါတယ်။ 200 Billion AI Model တွေကို Run နိုင်ပြီး ဒေါ်လာ ၃,၀၀၀ သတ်မှတ်ထားပါတယ်။ ဒီဇိုင်းက Apple Mac Mini နဲ့ တူပါတယ်။
Nvidia CEO Jensen Huang က “ AI ဟာ နယ်ပယ်မျိုးစုံမှာ အဓိကကျလာပါတယ်။ Project Digits ဟာ Data Scientist , AI Researcher တွေအတွက် အလွန်ကို အသုံးဝင်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
User တွေဟာ Project Digits မှာ AI Model တွေကို ဖန်တီးနိုင်၊ စမ်းသပ်နိုင်ပြီး Cloud Server ကို တင်နိုင်ပါတယ်။
Ref: Tech Explorers