ဗြိတိန် တန်ဖိုးကြီးကား ကုမ္ပဏီ Bentley က လျှပ်စစ်ကား နယ်ပယ်ထဲဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဗြိတိန် ကား မဂ္ဂဇင်း AutoCar က Bentley CEO Adrian Hallmark က နောက်ထုတ်မယ့် လျှပ်စစ်ကားမှာ အဆင့်မြင့် မောင်းသူမဲ့ နည်းပညာ ပါလာမယ်လို့ ပြောပါတယ်။

Bentley's First EV To Come With Hands-Off Self-Driving Tech

Bentley ရဲ့ လျှပ်စစ်ကားမှာ ကင်မရာ ၁၁ လုံး ပါတဲ့ Mobileye ရဲ့ SuperVision စနစ် ထည့်သွင်းထားမှာပါ။ အဲဒီစနစ်ဟာ Porsche ရဲ့ နောက်ထွက်မယ့် လျှပ်စစ်ကားမှာလည်း ပါလာမှာပါ။ Bentley လျှပ်စစ်ကားဟာ အဝေးပြေးလမ်းမှာ တစ်ဝက်တစ်ပျက် အလိုအလျှောက် မောင်းနှင်ပေးမှာပါ။ ကုမ္ပဏီက အနာဂတ်မှာ အပြည့်အဝ မောင်းသူမဲ့ နည်းပညာကို Over-the-air Software Update ကနေ ဖြန့်ချိပေးမှာပါ။

2026 Bentley EV to feature hands-off driving tech | Autocar

Bentley ရဲ့ လျှပ်စစ်ကားကို ၂၀၂၅ ခုနှစ်မှာ ကြေညာမှာ ဖြစ်ပြီး Power Output ဟာ 1,400 Horsepower ရှိမှာပါ။ ၁.၅ စက္ကန့်အတွင်း ၁ နာရီကို ၀ ကနေ ၅၀ မိုင်အထိ အရှိန်မြှင့်နိုင်ပါတယ်။ Hallmark က အမြန်နှုန်း နှေးတဲ့ မော်ဒယ်ကိုလည်း ထုတ်လုပ်ရောင်ချမယ်လို့ ပြောပါတယ်။

နောက်ထပ် နာမည်ကြီး ဗြိတိန် ကား ကုမ္ပဏီ Rolls-Royce ကလည်း ဒီနှစ်နှောင်းပိုင်းမှာ Specter လျှပ်စစ်ကားကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ လျှပ်စစ်ကားနယ်ပယ်မှာတော့ တန်ဖိုးကြီး ကား ကုမ္ပဏီတွေပါ ပါဝင်လာတဲ့အတွက် ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာတော့မှာပါ။

Ref : gizmochina