ကိုယ့်ရဲ့ စမတ်ဖုန်းထဲမှာ မရှိမဖြစ် App ကိုပြောပါဆိုရင် Social Media App တွေတင်မဟုတ်ဘဲ Google Maps ကလည်း အပါအဝင်ဖြစ်မှာပါ။ လက်ရှိအချိန်မှာ အကောင်းဆုံး Map Application လည်းဖြစ်သလို သုံးတတ်ရင်သုံးတတ်သလောက် Feature တွေလည်း စုံလင်နေတာဖြစ်ပါတယ်။
အခုအချိန်မှာတေ့ာ Google Maps ကို အသုံးပြုနေတဲ့သူတွေအတွက် အသုံးဝင်တဲ့အချက်တချို့ကို ဖော်ပြသွားမှာဖြစ်ပါတယ်။ တချို့သောအချက်တွေက သိပြီးသားသူတွေရှိပြီးဖြစ်နိုင်ပေမယ့် မသိသေးတဲ့သူတွေအတွက်တော့ ပိုပြီး Google Maps ကို သုံးတဲ့နေရာမှာ မြန်ဆန်အဆင်ပြေစေမှာပါ။
(1) ဘယ်အချိန်မှာ ဘယ်နေရာကိုသွားခဲ့သလဲဆိုတာကို ပြန်လည်ကြည့်ရှုနိုင်ခြင်း
ဒီ Feature ကတော့ Google Maps ကို အမြဲသုံးနေဖြစ်တယ်၊ Google Service နဲ့ GPS ကို အမြဲတမ်းဖွင့်ထားတတ်တဲ့သူတွေအတွက် လုံးဝအသုံးဝင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။ Google Map ရဲ့ User Profile ကို နှိပ်လိုက်မယ်ဆိုရင် Your Timeline ကို တွေ့ရမှာဖြစ်ပြီး အဆိုပါ Feature ကနေ ဘယ်နေ့ဘယ်အချိန်မှာ ဘယ်နေရာကို သွားရောက်ခဲ့တယ်၊ ဘယ်လိုမျိုး သွားလာခဲ့တယ်ဆိုတာကို အတိအကျဖော်ပြပေးမှာပါ။
တကယ်လို့ ကိုယ့်မှာ Device တွေအများအပြားရှိတယ်ဆိုရင်တော့ ဘယ် Device ကိုပဲ Your Timeline Feature ကို အသုံးပြုမယ်ဆိုတာကို သတ်မှတ်ထားနိုင်ပြီး ကိုယ့် Privacy ကို စိတ်ချချင်တယ်ဆိုရင်တော့ ပိတ်ထားနိုင်မှာဖြစ်ပါတယ်။
(2) Real-time Location ကို Share ပေးနိုင်တယ်
တကယ်လို့ ကိုယ့်သူငယ်ချင်း၊ မိသားစုတစ်ယောက်ယောက်ရဲ့ တည်နေရာကို သိချင်တယ်ဆိုရင် အများစုက Facebook Messenger Live Location ကိုပဲ အသုံးပြုကြတာဖြစ်ပါတယ်။ ဒါပေမယ့် Google Maps ကနေပါ Live Location Share ပေးနိုင်တဲ့ Feature ကိုတော့ အသုံးပြုသူနည်းပါးပါတယ်။
ဒါကတေ့ာ Google Maps ရဲ့ Share Location Feature ဖြစ်ပြီး Messenger လိုမျိုးကနေ Share ပေးတာထက် ပိုပြီး တိကျမှာဖြစ်ပါတယ်။ ဒါ့အပြင် တဖက်လူရဲ့ ဖုန်း Battery Life ကိုပါ ဖော်ပြပေးနိုင်တာကြောင့် မတော်တဆ Location Share တာရပ်သွားတယ်ဆိုရင်လည်း Battery ကုန်သွားတာကြောင့်လားဆိုတာကိုပါ သိနိုင်မှာပါ။ Live Location ပေမယ့် ဘယ်အချိန်အထိ Share ပေးထားသလဲဆိုတာကိုလည်း သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Live Location ကို မကြာခဏ Share ပေးရတယ်ဆိုရင် Google Maps ကိုပဲ ပြောင်းလဲအသုံးပြုသင့်တယ်လို့တောင် ပြောနိုင်ပါတယ်။
(3) Maps ကို Offline အနေနဲ့အသုံးပြုမယ်
Google Maps ဟာ ပုံမှန်အားဖြင့် GPS Data အပြင် Wi-Fi သိုမဟုတ် Mobile Data Connection ကိုပါ လိုအပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် Internet မရရှိနိုင်တဲ့အချိန်မှာ အသုံးပြုဖို့အတွက် Google Maps ရဲ့ Offline Feature ကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Google Maps ဟာ ကိုယ့်အိမ်နဲ့ လက်ရှိရောက်ရှိနေတဲ့တည်နေရာကို Offline အနေနဲ့ အလိုအလျောက်သိမ်းဆည်းပေးထားတဲ့အတွက် အရေးပေါ်အခြေအနေအတွက်လည်း အသုံးဝင်မှာပါ။
(4) Public Transit လမ်းကြောင်းတွေကိုပါ ရှာဖွေနိုင်မယ်
တစ်နေရာကနေ တစ်နေရာကိုသွားရောက်ဖို့အတွက် ကိုယ်ပိုင်ကား၊ ဒါမှမဟုတ် တက်စီကိုအသုံးမပြုဘဲ ဘတ်စ်ကားနဲ့ သွားလာမယ်ဆိုရင် ကိုယ်မသိတဲ့နေရာကို ဘယ်ကားလိုင်းတွေရောက်လဲဆိုတာက အမြဲအခက်တွေ့စရာ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ Google Maps ကနေ မှတ်တိုင်တွေအပြင် အဆိုပါ မှတ်တိုင်တွေမှာ စီးနင်းနိုင်တဲ့ ဘတ်စ်ကားလိုင်းတွေနဲ့ Navigation Feature ကိုအသုံးပြုမယ်ဆိုရင်လည်း ဘယ်လိုမျိုးစီးနင်းရလဲဆိုတာကိုပါ ဖော်ပြပေးမှာဖြစ်ပါတယ်။
(5) Google Assistant နဲ့ ခိုင်းစေနိုင်တယ်
Google Maps ကို အသုံးပြုဖို့အတွက် Maps Application ကို ဝင်ရောက်ဖို့မလိုအပ်ပါဘူး။ အဲ့ဒီအစား Google Assistant ကို ကိုယ်သွားရောက်ချင်တဲ့နေရာကို Navigate ပြုလုပ်ခိုင်းတာမျိုး၊ ဒါမှမဟုတ် အနီးအနားမှာရှိတဲ့ စားသောက်ဆိုင်တွေကို မေးမြန်းတာမျိုးတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒီ Feature က Wireless Earbuds တွေအသုံးပြုနေတယ်ဆိုရင် ပိုအသုံးဝင်ပြီးတော့ ဖုန်းကို အိတ်ကပ်ထဲကမထုတ်ဘဲ အသုံးပြုနိုင်တာကတော့ အားသာချက်ဖြစ်နေမှာပါ။
ဒါကတော့ Google Maps ကို အသုံးပြုတဲ့အချိန်မှာ သိထားသင့်တဲ့အချက်လေးတွေဖြစ်ပါတယ်။ တခြား Google Maps မှာလည်း စိတ်ဝင်စားစရာ Feature တွေအများကြီးပါဝင်တဲ့အတွက် တခြား Feature တွေကိုသိထားတယ်ဆိုရင်လည်း မျှဝေခဲ့လို့ရပါတယ်။
Ref – Android Central