Boston Dynamics ရဲ့ Atlas လူတူစက်ရုပ်ဟာ ရုပ်ရှင် ရိုက်ကူးပေးနိုင်တဲ့အထိ အဆင့်မြင့်လာပြီ ဖြစ်ပါတယ်။ အဲဒီစက်ရုပ်ဟာ ရုပ်ရှင် ရိုက်ကူးရာမှာ တိကျပြီး လူတွေအတွက် အန္တရာယ်ရှိတဲ့ နေရာတွေမှာပါ ရုပ်ရှင်ရိုက်ကူးပေးနိုင်ပါတယ်။

Atlas Robot Is Now a Cameraman and It's INSANE | WPP, Boston Dynamics &  Canon | The frontier of AI

Boston Dynamics ဟာ အဲဒီ စက်ရုပ်အတွက် Canon နဲ့ WPP ကုမ္ပဏီတွေနဲ့ ပူးပေါင်းထားပြီး Atlas ဟာ လူသားတွေအတွက် စိန်ခေါ်မှု ရှိတဲ့ အခြေအနေတွေမှာ ရုပ်ရှင်ရိုက်ကူးပေးနိုင်ပါတယ်။ တီထွင်ဆန်းသစ်တဲ့ Content တွေကို ဖန်တီးပေးနိုင်ပါတယ်။

စက်ရုပ်ဟာ ၂၀ ကီလိုဂရမ်ကို သယ်ဆောင်နိုင်ပြီး ခက်ခဲတဲ့အနေအထားတွေမှာတောင် တည်ငြိမ်စွာ ရိုက်ကူးပေးနိုင်ပါတယ်။ အချိန်ကြာမြင့်စွာ ထပ်ခါတလဲလဲ ရိုက်ကူးရတဲ့ အခြေအနေတွေမှာ အလွန် အသုံးဝင်ပါတယ်။

မီးတောင် အနီးအနားလို လူသားတွေ မသွားရောက်နိုင်တဲ့ နေရာတွေကို စက်ရုပ်က သွားရောက်ကာ ရိုက်ကူးပေးနိုင်ပါတယ်။ အဲဒီ စက်ရုပ်ကြောင့် ရုပ်ရှင် ရိုက်ကူးရေး နယ်ပယ်မှာ တီထွင်ဆန်းသစ်မှုများစွာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Ref : Technology Innovation