[Zawgyi]
Ref : theverge
[Unicode]
Power Bank မီးလောင်မှုကြောင့် Virgin Atlantic ရဲ့ လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ခဲ့ရ
Portable Power Bank တစ်ခုကြောင့် လေယာဉ်ထိုင်ခုံတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် Virgin Atlantic ရဲ့ လေယာဉ်တစ်စီးဟာ ကြာသာပတေး ညမှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ လေယာဉ်ဟာ နယူးယောက်မှ JFK Airport ကနေ လန်ဒန်ရှိ Heathrow Airport ကို မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ခရီးသည်ထိုင်ခုံတစ်ခုဟာ မီးလောင်ပြီး မီးခိုးများ ထွက်လာတဲ့ အတွက် လမ်းခုလတ်မှ ဘော့စတွန်ရှိ Logan Airport ကို ဆင်းသက်ခဲ့ရပါတယ်။ ခရီးသည် ၂၁၇ ယောက် လိုက်ပါစီးနင်းလာတာ ဖြစ်ပြီး အားလုံး ဘေးကင်းလုံခြုံပါတယ်။
For people asking. Was told there was a fire and we would have an emergency landing shortly. Everyone could smell the smoke but was not told what the problem was until we landed. Once we landed all we were told was, there is a fire in first class. pic.twitter.com/R1dJBrcX6s
— Cory Tanner (@Ctannerweb) July 5, 2019
လေယာဉ် ဝန်ထမ်းက မီးကို ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ လေယာဉ်ဆင်းသက်ပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့တဲ့ အခါမှာ ပါဝါဘန့်ကို ထိုင်ခုံနဲ့ ကူရှင်အကြားမှာ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ပါဝါဘန့် မီးလောင်ရတဲ့ အကြောင်းအရင်းကို မသိရသေးပါဘူး။ ဒါပေမယ့် လစ်သီယမ် အိုင်းယွန်း ဘက်ထရီများဟာ မီးလောင်နိုင်တဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ မသင့်တော်တဲ့ အားသွင်းစက်ဟာ ဘက်ထရီထဲကို လျှပ်စစ် ပမာဏများပြားစွာ ပို့ပေးပါတယ်။ အဲဒီအတွက် ဘက်ထရီဟာ အပူလွန်ကဲပြီး မီးလောင်နိုင်ပါတယ်။
Fire forces London-bound flight to land in Boston https://t.co/DLVElWYf2I pic.twitter.com/GVHVsarVPq
— WCVB-TV Boston (@WCVB) July 5, 2019
ဆမ်ဆောင်းရဲ့ ဖုန်များ၊ Apple ရဲ့ လက်ပ်တော့များ၊ Hoverboards များ၊ E-cigarettes များမှာ ဘက်ထရီ မီးလောင်မှုများ ဖြစ်ပွားခဲ့ဖူးပါတယ်။ ဘက်ထရီ ပါတဲ့ ပစ္စည်းတိုင်းဟာ မီးလောင်နိုင်ပါတယ်။ လေယာဉ်မှ ပါဝါဘန့်ဟာ ထိုင်ခုံနဲ့ ကူရှင်ကြားထဲ ညပ်နေတဲ့ အတွက် အပူလွန်ကဲသွားတာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မက်ဆာချူးဆက် ပြည်နယ် ရဲတပ်ဖွဲ့နဲ့ Virgin Atlantic တို့က စုံစမ်းစစ်ဆေးမှုများကို ဆက်လက် ပြုလုပ်နေပါတယ်။
အမေရိကန်နဲ့ ဥရောပမှ လေကြောင်းလိုင်းများက Portable Lithium Ion Battery များကို ခရီးဆောင်အိတ်ထဲ ထည့်သွင်းယူဆောင်ခြင်းကို ပိတ်ပင်ထားပါတယ်။ လက်ကိုင်အိတ်ထဲမှာ ထည့်သွင်းယူဆောင်ခွင့်တော့ ပေးထားပါတယ်။ ဒါပေမယ့် အမြင့်ဆုံး အနေနဲ့ 100Wh အထိကိုသာ ခွင့်ပြုထားပါတယ်။ အချို့နိုင်ငံများမှာ လေကြောင်းလိုင်းများက ခရီးစဉ်အတွင်း ပါဝါဘန့် အသုံးပြုခြင်းကို တားမြစ်ထားပါတယ်။
Ref : theverge