တန်ဖိုးကြီး စမတ်ဖုန်းတွေကို Customize ပြုလုပ်ပြီး ရောင်းချတဲ့ ဒူဘိုင်း အခြေစိုက် Caviar က iPhone 16 Pro Series ရဲ့ “Visionaries” Collection aကို ကြေညာလိုက်ပါတယ်။ အဲဒီ Collection ဟာ Steve Jobs, Donald Trump နဲ့ Elon Musk ကို ဂုဏ်ပြုထားတာ ဖြစ်ပါတယ်။ အဲဒီမော်ဒယ်တွေမှာ အရည်အသွေးမြင့် ဒြပ်ထုတွေ၊ ထူးခြားတဲ့ တည်ဆောက်မှုနဲ့ အဲဒီ ပုဂ္ဂိုလ် ၃ ယောက်ရဲ့ ထင်ရှားတဲ့ အမှတ်အသားတွေကို ထည့်သွင်းထားပါတယ်။
Steve Jobs မော်ဒယ်ဟာ ၉,၃၄၀ ဒေါ်လာကစပြီး ထိခိုက်မှုကို ခံနိုင်တဲ့ တိုက်တေနီယမ်နဲ့ တည်ဆောက်ထားပါတယ်။ အနောက်ဘက်ကို PVD Coating နဲ့ ပြုလုပ်ထားပြီး Apple Logo ကို ရွှေရောင် သွန်းလောင်းထားပါတယ်။
Trump Great Again မော်ဒယ်မှာ Donald Trump ရဲ့ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရမှုကို ဂုဏ်ပြုထားပါတယ်။ တန်ဖိုးက ၉,၂၀၀ ဒေါ်လာကစပါတယ်။ အာကာသ အဆင့် တိုက်တေနီယမ် ကိုယ်ထည်ကို အသုံးပြုထားပြီး PVD Coating နဲ့ တည်ဆောက်ထားပါတယ်။ Trump ရဲ့ အထင်ကရ အနီရောင် လည်စီးကို ပုံဖော်ထားတဲ့ အနီရောင်မျှား ထည့်သွင်းထားပြီး Trump ရဲ့ ရွေးကောက်ပွဲ ဆောင်ပုဒ် ဖြစ်တဲ့ “Great Again” စာသားကို ရေးထိုးထားပါတယ်။ ကြယ်နဲ့ မျဉ်းကြောင်းတွေက အမေရိကန် အလံကို ကိုယ်စားပြုပါတယ်။
The Musk Be On Mars Edition ဟာ ၉,၉၉၀ ဒေါ်လာက စပြီး Elon Musk ရဲ့ SpaceX ရဲ့ ရည်မှန်းချက်တွေကို ဂုဏ်ပြုထားပါတယ်။ ထူးခြားချက်က SpaceX Starship ရဲ့ တကယ့် အစိတ်အပိုင်းကို တပ်ဆင်ထားတာပါ။ Space Black အရောင် ထုတ်လုပ်ထားပြီး လေဆာနဲ့ ထွင်းထားတဲ့ ရုပ်ပုံတွေ ပါပါတယ်။ Musk ရဲ့ နာမည်နဲ့ လက်မှတ်ကိုလည်း ထည့်သွင်းထားပါတယ်။
အဲဒီ Collection ကို အကန့်အသတ်နဲ့ ၉၉ လုံးစီပဲ ရောင်းချမှာ ဖြစ်ပါတယ်။
Ref: gizmochina