တရုတ် အင်ဂျင်နီယာတွေက ChatGPT လို နည်းပညာပါတဲ့ Sex Robot တွေကို တီထွင်နေကြပါတယ်။ ရှန်ဇန်မှာ လိင်ဖျော်ဖြေရေး အရုပ်တွေကို အဓိက ထုတ်လုပ်နေတဲ့ Starpery Technology ကုမ္ပဏီက သူ့ရဲ့ ထုတ်ကုန်တွေမှာ AI ကို ထည့်သွင်းဖို့ကိုယ်ပိုင် Large Language Model ကို လေ့ကျင့်သင်ကြားပေးနေပါတယ်။ AI နည်းပညာပါတဲ့ အမျိုးသားနဲ့ အမျိုးသမီး စက်ရုပ်တွေကို မကြာခင် ရောင်းချတော့မှာ ဖြစ်ပါတယ်။

Sex Doll Photobook: Collection Of Sex Doll For You To Enjoy!

ကုမ္ပဏီရဲ့ CEO Evan Lee က “ User တွေနဲ့ အသံရော၊ ကိုယ်ခန္တာပါ ထိတွေ့ ဆက်ဆံနိုင်တဲ့ နောက်မျိုးဆက် လိင်ဖျော်ဖြေရေး စက်ရုပ်တွေကို တီထွင်နေပြီး ဒီနှစ် ဩဂုတ်လမှာ ရောင်းချနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ “ လို့ ပြောပါတယ်။

Sex doll - Wikipedia

သူက “ လူနဲ့ လုံးဝ တူတဲ့ AI စက်ရုပ်တွေကို ဖန်တီးရတာ နည်းပညာ စိန်ခေါ်မှုများစွာ ရှိပါတယ်။ လူလို စကားပြောနိုင်တာက လွယ်ကူ ပါတယ်။ ဒါပေမယ့် ရှုပ်ထွေးတဲ့ စကားတွေကို ပြောရရင်တော့ အခက်အခဲတွေ ရှိပါတယ်။ “ လို့ ပြောပါတယ်။

သူက “ တရုတ်ဟာ အကြီးမားဆုံး Sex Dolls ဈေးကွက် ဖြစ်ပြီး အမေရိကန်၊ ဂျပန်နဲ့ ဂျာမနီ အားလုံးပေါင်းထက် ရောင်းအား ပိုကောင်းပါတယ်။ “ လို့ ပြောပါတယ်။

Ref : bangkokpost