Zawgyi
တရုတ္ႏုိင္ငံဟာ အခုတေလာေခတ္စားလာတဲ့ AI နည္းပညာနဲ႔ ကိုယ္မေျပာတဲ့စကားကို ေျပာသေယာင္ ဖန္တီးျပဳလုပ္လာတဲ့ Deepfakes လို႔ေခၚတဲ့ ဗီဒီယုိေတြနဲ႔ပတ္သက္ၿပီး ျပင္းထန္တဲ့ ဥပေဒတစ္ခုကို ထုတ္ျပန္လာခဲ့ပါတယ္။ သူတုိ႔ရဲ႕ ဥပေဒအသစ္မွာေတာ့ Deepfakes ဗီဒီယိုေတြကို ေသေသခ်ာခ်ာ အသိေပးဝန္ခံထားတာမပါဘဲ အြန္လုိင္းတင္ခဲ့ရင္ ျပစ္မႈေျမာက္ၿပီး အေရးယူခံရမွာပါ။
ဒီဥပေဒကို ၂၀၂၀ ခုႏွစ္ ဇႏၷဝါရီ တစ္ရက္ေန႔မွာ စတင္အေကာင္အထည္ေဖာ္သြားေတာ့မွာျဖစ္ပါတယ္။ Deepfake လို နည္းပညာသစ္ေတြကို လက္ေတြ႕အသုံးခ်လာတာဟာ ျပည္သူလူထုရဲ႕ စိတ္ဝင္စားမႈကို အသုံးခ်ရာေျမာက္ၿပီး ဆုိရွယ္ပလက္ေဖာင္းေတြေပၚက တည္ျငိမ္မႈကို ေႏွာင့္ယွက္ရာက်တာေၾကာင့္ ျဖစ္တယ္လို႔ တရုတ္ Cyberspace Administration (CAC) မွ ဆုိခဲ့တယ္။
ႏုိင္ငံေရးသမားေတြလို အေရးပါတဲ့ ပုဂၢိဳလ္ေတြရဲ႕ စကားေျပာဆုိပုံေတြကို AI နည္းပညာနဲ႔ Deepfake Video ေတြ ဖန္တီးတာ ေခတ္စားလာတာေၾကာင့္ ၿပီးခဲ့တဲ့လတုန္းကလည္း အေမရိကန္ျပည္နယ္တစ္ခုျဖစ္တဲ့ ကာလီဖိုးနီးယားဟာ ေၾကာ္ျငာနဲ႔ မဲဆြယ္မႈမ်ားမွ ပုံရိပ္ေတြကိုအေျခခံထားတဲ့ Deepfake Video ေတြကို အေရးယူဖို႔ ဥပေဒတင္သြင္းလာခဲ့ပါတယ္။
ဆုိရွယ္မီဒီယာေတြျဖစ္တဲ့ Facebook နဲ႔ Twitter တုိ႔ဟာ Deepfake ျပႆနာကို ေျဖရွင္းဖို႔ ေထာက္လွမ္းေရး Tools ေတြ ဖန္တီးလာရၿပီး သူတုိ႔ရဲ႕ဆုိရွယ္ပလက္ေဖာင္းေတြေပၚက ျပန္႔ႏွံ႔ေနတဲ့ အတုအေယာင္ေတြကို ေလွ်ာ့ခ်ဖို႔ ႀကိဳးစားေနဆဲ ျဖစ္ပါတယ္။ Facebook ဟာ ႏုိင္ငံေရးသမား စတဲ့ ပုဂၢိဳလ္ေတြရဲ႕ မဲဆြယ္မႈအပါအဝင္ ေၾကာ္ျငာတာေတြကို ေလွ်ာ့ခ်သြားဖို႔ မစဥ္းစားဘဲ ေထာက္လွမ္းႏုိင္ဖို႔ Tools ကုိသာ အသားေပးေပမယ့္ Twitter ကေတာ့ ၿပီးခဲ့တဲ့လမွာ ႏုိင္ငံေရးနဲ႔ ပတ္သက္တဲ့ ေၾကာ္ျငာမဲဆြယ္မႈအားလုံးကို ပိတ္ပင္ပစ္လုိက္ပါတယ္။
Ref – The Verge
Unicode
တရုတ်နိုင်ငံဟာ အခုတလောခေတ်စားလာတဲ့ AI နည်းပညာနဲ့ ကိုယ်မပြောတဲ့စကားကို ပြောသယောင် ဖန်တီးပြုလုပ်လာတဲ့ Deepfakes လို့ခေါ်တဲ့ ဗီဒီယိုတွေနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ ဥပဒေတစ်ခုကို ထုတ်ပြန်လာခဲ့ပါတယ်။ သူတို့ရဲ့ ဥပဒေအသစ်မှာတော့ Deepfakes ဗီဒီယိုတွေကို သေသေချာချာ အသိပေးဝန်ခံထားတာမပါဘဲ အွန်လိုင်းတင်ခဲ့ရင် ပြစ်မှုမြောက်ပြီး အရေးယူခံရမှာပါ။
ဒီဥပဒေကို ၂၀၂၀ ခုနှစ် ဇန္နဝါရီ တစ်ရက်နေ့မှာ စတင်အကောင်အထည်ဖော်သွားတော့မှာဖြစ်ပါတယ်။ Deepfake လို နည်းပညာသစ်တွေကို လက်တွေ့အသုံးချလာတာဟာ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုကို အသုံးချရာမြောက်ပြီး ဆိုရှယ်ပလက်ဖောင်းတွေပေါ်က တည်ငြိမ်မှုကို နှောင့်ယှက်ရာကျတာကြောင့် ဖြစ်တယ်လို့ တရုတ် Cyberspace Administration (CAC) မှ ဆိုခဲ့တယ်။
နိုင်ငံရေးသမားတွေလို အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ စကားပြောဆိုပုံတွေကို AI နည်းပညာနဲ့ Deepfake Video တွေ ဖန်တီးတာ ခေတ်စားလာတာကြောင့် ပြီးခဲ့တဲ့လတုန်းကလည်း အမေရိကန်ပြည်နယ်တစ်ခုဖြစ်တဲ့ ကာလီဖိုးနီးယားဟာ ကြော်ငြာနဲ့ မဲဆွယ်မှုများမှ ပုံရိပ်တွေကိုအခြေခံထားတဲ့ Deepfake Video တွေကို အရေးယူဖို့ ဥပဒေတင်သွင်းလာခဲ့ပါတယ်။
ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Facebook နဲ့ Twitter တို့ဟာ Deepfake ပြဿနာကို ဖြေရှင်းဖို့ ထောက်လှမ်းရေး Tools တွေ ဖန်တီးလာရပြီး သူတို့ရဲ့ဆိုရှယ်ပလက်ဖောင်းတွေပေါ်က ပြန့်နှံ့နေတဲ့ အတုအယောင်တွေကို လျှော့ချဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ Facebook ဟာ နိုင်ငံရေးသမား စတဲ့ ပုဂ္ဂိုလ်တွေရဲ့ မဲဆွယ်မှုအပါအဝင် ကြော်ငြာတာတွေကို လျှော့ချသွားဖို့ မစဉ်းစားဘဲ ထောက်လှမ်းနိုင်ဖို့ Tools ကိုသာ အသားပေးပေမယ့် Twitter ကတော့ ပြီးခဲ့တဲ့လမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကြော်ငြာမဲဆွယ်မှုအားလုံးကို ပိတ်ပင်ပစ်လိုက်ပါတယ်။
Ref – The Verge