တရုတ်ရဲ့ အကြီးမားဆုံး Sex Doll ကုမ္ပဏီ WMDoll ဟာ သူ့ရဲ့ ထုတ်ကုန်တွေမှာ User Experience ပိုကောင်းစေဖို့ AI Models တွေကို ထည့်သွင်းထားတဲ့အတွက် ဒီနှစ်မှာ ရောင်းအား ၃၀ ရာခိုင်နှုန်း ပိုကောင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။
ကုမ္ပဏီ တည်ထောင်သူနဲ့ CEO Liu Jiangxia က Large Language Models (LLMs) ကို Sex Toys တွေမှာ ထည့်သွင်းပြီးနောက် ကောင်းမွန်တဲ့ Feedback တွေ ရခဲ့တယ်လို့ ပြောပါတယ်။ သူက AI ကြောင့် Sex Doll တွေဟာ လူတွေလို သဘာဝကျကျ ဆက်ဆံတတ်လာတယ်လို့ ပြောပါတယ်။
WMDoll ရဲ့ AI နည်းပညာပါတဲ့ Sex Doll တွေဟာ ပျော့ပြောင်းတဲ့ အရေပြားနဲ့ လိင်အင်္ဂါ တို့လို လူသားတွေရဲ့ ကိုယ်ခန္တာနဲ့ တူအောင် ပြုလုပ်ထားရုံသာမက သူတို့ကို ထိတွေ့ရင် မတူညီတဲ့ အသံတွေနဲ့ တုန့်ပြန်နိုင်ပါတယ်။ AI ပါတဲ့အတွက် ဉာဏ်ရည်ပိုမြင့်မားလာပြီး မတူညီတဲ့ Personality ၈ မျိုးကို ရွေးချယ်နိုင်ပါတယ်။
AI Sex Doll တွေရဲ့ ဈေးနှုန်းဟာ လက်ရှိမှာ ဒေါ်လာ ၁,၅၀၀ နဲ့ ၂,၀၀၀ အကြား ရောင်းချနေတဲ့ သာမာန် မော်ဒယ်တွေထက် ဒေါ်လာ ၁၀၀ ကနေ ၂၀၀ ပိုများပါတယ်။ Privacy အတွက် WMDoll က Sex Doll မှ ခလုတ် တစ်ချက်နှိပ်လိုက်တာနဲ့ ဒေတာတွေ ပျက်သွားအောင် ပြုလုပ်ပေးထားပါတယ်။
Ref: Bangkokpost