တရုတ် အခြေစိုက် Dongfeng Motor ကုမ္ပဏီက ကားထုတ်လုပ်တဲ့ စက်ရုံမှာ Ubtech Robotics ရဲ့ လူတူစက်ရုပ်တွေကို အသုံးပြုဖို့ သဘောတူညီမှုရခဲ့ပါတယ်။

Ubtech ရဲ့ Walker S လူတူစက်ရုပ်ဟာ Dongfeng Motor ရဲ့ ကားထုတ်လုပ်တဲ့ စက်ရုံမှာ အလုပ်များစွာကို ပြုလုပ်ပေးမှာပါ။ အဲဒီအလုပ်တွေထဲမှာ ထိုင်ခုံခါးပတ်၊ တံခါး Lock ၊ ရှေ့မီး ကာဗာ ၊ ကားကိုယ်ထည် အရည်အသွေး၊ အနောက် ကာဗာနဲ့အတွင်းပိုင်းကို စစ်ဆေးတာ ပါဝင်ပါတယ်။ ဒါ့အပြင် စက်ရုပ်တွေဟာ ဆီဖြည့်တာ၊ ကား အစိတ်အပိုင်းတွေ တပ်ဆင်တာ၊ ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးတာ၊ လိုဂို တပ်ဆင်တာနဲ့ Label Print ထုတ်တာ စတဲ့ အလုပ်တွေကိုလည်း လုပ်ပေးမှာပါ။

Dongfeng Motor to deploy humanoid robots for auto manufacturing

Dongfeng Motor ရဲ့ အထွေထွေ မန်နေဂျာ Lin Changbo က Ubtech ရဲ့ လူတူစက်ရုပ်မှာ နောက်ဆုံးပေါ် AI နည်းပညာ ထည့်သွင်းထားတယ်လို့ ပြောပါတယ်။ စက်ရုပ်တွေကို လေ့ကျင့်ပေးလိုက်ရင် ကားကို စစ်ဆေးတာနဲ့ ကားအစိတ်အပိုင်း တပ်ဆင်တာတွေကို လူသားတွေထက် ပိုကောင်းအောင် ပြုလုပ်နိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါ့အပြင် ကားထုတ်လုပ်တဲ့ နယ်ပယ်မှာ ဉာဏ်ရည်မြင့် AI နည်းပညာကို အသုံးချလာနိုင်မှာပါ။

Ubtech က Walker S လူတူစက်ရုပ်ဟာ အရပ် ၁.၇ မီတာ မြင့်မားပြီး Fusion Control Algorithm တွေ ထည့်သွင်းထားတယ်လို့ ပြောပါတယ်။ စက်ရုပ်ဟာ စက်ရုံရဲ့ System နဲ့ ဆက်သွယ်နိုင်ကာ အလုပ်တွေ လုပ်ပေးနိုင်ပြီး သတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ သတင်းပို့နိုင်ပါတယ်။

Ref : gizmochina