Doogee က အကြမ်းခံတဲ့ S200 စမတ်ဖုန်းကို ကြေညာလိုက်ပြီး စွမ်းရည်မြင့် ဖုန်း ဖြစ်ပါတယ်။ 6.72” FHD+ IPS Main Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ 1.32” AMOLED Display ပါလာပြီး Notification နဲ့ အရေးကြီး Function တွေကို ပြသပေးပါတယ်။

Doogee S200

S200 မှာ 6nm MediaTek Dimensity 7050 Octa-core Processor မောင်းနှင်ထားပြီး 32GB RAM (12GB + 20GB Extended) နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။ နောက်ဆုံးထုတ် Android 14 OS မောင်းနှင်ထားပါတယ်။

DOOGEE S200 | The First 5G Rugged Phone in the S Series

ကင်မရာအကြောင်းပြောရရင် အနောက်ဘက်မှာ 100MP AI Main ကင်မရာ ၊ 20MP Night Vision ကင်မရာနဲ့ 2MP Macro ကင်မရာ တပ်ဆင်ထားပါတယ်။ ရေအနက် ၅ ပေအောက်မှာ ဓါတ်ပုံ ရိုက်ကူးနိုင်ပါတယ်။ 4K Video လည်း ရိုက်ကူးနိုင်ပါတယ်။

ကြီးမားတဲ့ 10,100mAh Battery တပ်ဆင်ထားပြီး 33W Fast Charging နဲ့ Reverse Charging ထောက်ပံ့ထားပါတယ်။ အကြမ်းခံဖုန်း ဖြစ်ပြီး Aerospace-grade Aluminum Build နဲ့ တည်ဆောက်ထားပါတယ်။ MIL-STD-810H Certification နဲ့ IP69/IP69K Rating ရထားပါတယ်။ လုံခြုံရေးအတွက် ဘေးဘက်လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

Doogee S200 အတွက် Grey နဲ့ Silver အရောင်ထုတ်လုပ်ထားပါတယ်။ နိုင်ငံများစွာမှာ ရောင်းချထားပြီး Doogee Website မှာ ၃၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gizmochina