အနာဂတ်ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို AI နည်းပညာနဲ့ လူတူစက်ရုပ်တွေက အံ့မခန်းပြောင်းလဲပစ်တော့မှာလားဆိုတာ စိတ်ဝင်စားစရာပါ။ အီလွန်မတ်စ်ကတော့ သူရဲ့ အော့ပ်တီမတ်စ် (Optimus) လူတူစက်ရုပ်နဲ့ ဂရော့ခ် (Grok) AI တို့ ပေါင်းစပ်လိုက်ရင် ကမ္ဘာပေါ်က လူသားအားလုံးအတွက် အကောင်းဆုံး ဆေးဝါးကုသမှုတွေ ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

Elon Musk Predicts World With More Robots Than Humans | Yellow

 

အထူးသဖြင့် အမေရိကန်နိုင်ငံလို ဆရာဝန်ရှားပါးတဲ့ ဒေသတွေမှာ နေထိုင်သူ သန်း ၁၀၀ နီးပါးရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုစရိတ် အလွန်မြင့်မားနေတဲ့ နိုင်ငံအတွက် အဲဒီ အစီအစဉ်က ကြီးမားတဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

ဆေးရုံတွေမှာ ဝန်ထမ်းမလုံလောက်တဲ့ ပြဿနာကို ဖြေရှင်းဖို့ အော့ပ်တီမတ်စ် လူတူစက်ရုပ်တွေက ရောဂါရှာဖွေတာ၊ လူနာစောင့်ကြည့်တာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကူညီမှုတွေ လုပ်ဆောင်ပေးနိုင်မယ်ဆိုရင် ကျန်းမာရေးကဏ္ဍမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာမှာပါ။

Musk says medical school is 'pointless'. But his robot surgery vision misses a truth - India Today

လူတူစက်ရုပ်တွေရဲ့ အားသာချက်ကတော့ ပင်ပန်းနွမ်းနယ်တာမျိုး မရှိသလို သပိတ်မှောက်တာမျိုးလည်း လုပ်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အလိုအပ်ဆုံး ဒေသတွေမှာ အကောင်းဆုံး တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ AI နဲ့ လူတူစက်ရုပ်တွေက ဆေးလောကကို တကယ်ပဲ ကယ်တင်နိုင်မလား ဒါမှမဟုတ် အီလွန်မတ်စ်ရဲ့ မျှော်မှန်းချက်က ကြီးမားလွန်းနေသလား ဆိုတာကတော့ ဆက်ပြီး စောင့်ကြည့်ရမယ့် စိတ်ဝင်စားဖွယ် အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။

Ref: AI Insider