Tesla နဲ့ SpaceX ရဲ့  CEO Elon Musk က သူ့ကို နိုဘယ် ငြိမ်းချမ်းဆု စာရင်းတင်သွင်းတာကို ပယ်ချလိုက်ပြီး သူ ဘာဆုမှ မလိုချင်ဘူးလို့ ပြောပါတယ်။

Elon Musk turns down Nobel Peace Prize nomination: 'I don't want any prizes'  | Today News

ဥရောပ ပါလီမန် အဖွဲ့ဝင် Branko Grims က Musk ရဲ့ Twitter (X) ကို ဝယ်ယူပြီး လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ပြုလုပ်ပေးခဲ့တဲ့အတွက် သူ့ကို နိုဘယ်ငြိမ်းချမ်းရေး ဆုအတွက် စာရင်းမှာ အမည်တင်သွင်းဖို့ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ Musk က ဒီကိစ္စနဲ့ ပတ်သက်ပြီး X မှာ သူ ဘာဆုမှ မလိုချင်ပါဘူးလို့ တုန့်ပြန်ခဲ့ပြီး လူတွေ အာရုံစိုက်မှုကို မလိုချင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။

Elon Musk nominated for Nobel Peace Prize for 'Free Speech'

Grims က အခြေခံ လူ့အခွင့်အရေး အနေနဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရအောင် ပြုလုပ်ပေးခဲ့တဲ့ Musk ကို ဂုဏ်ပြုကာ ၂၀၂၅ ခုနှစ် နိုဘယ် ငြိမ်းချမ်းရေး ဆုအတွက် စာရင်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

Elon Musk ဟာ ကမ္ဘာ့ အချမ်းသာဆုံး သူဌေး ဖြစ်သလို လူထူးလူဆန်း တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ X မှာ ပွဲဆူစေတဲ့ စကားတွေကိုလည်း မကြာခဏ ပြောလေ့ ရှိသူ ဖြစ်ပါတယ်။

Ref : Technology Innovation