ပိုင်ရှင်က ကားဆီလာနေတဲ့ ခပ်ဝေးဝေး နေရာမှာပဲ ရှိနေတုန်းမှာ ကားက ပိုင်ရှင်ရဲ့ မျက်နှာကို စကင်ဖတ်ပြီး Unlock လုပ်နိုင်တဲ့ နည်းပညာတွေ ထွက်ပေါ်လာမယ်လို့ နာမည်ကြီး ကား တာယာ ကုမ္ပဏီ Continental က ပြောပါတယ်။ ကုမ္ပဏီက လတ်စ်ဗီးဂတ်စ်မှ CES နည်းပညာ ပြပွဲမှာ နည်းပညာမြင့် နမူနာ ကား တစ်စီးကို ပြသထားပါတယ်။

People can unlock their offices using facial recognition, and, in a few years, their cars could have the same capability. Photo: Shutterstock

ကုမ္ပဏီက ဒီနည်းပညာ ပါတဲ့ ကားတွေကို နောက် ၃ နှစ်ကနေ ၅ နှစ်အတွင် ထုတ်လုပ်ရောင်းချမယ်လို့ ပြောပါတယ်။ ကုမ္ပဏီက ဒီနည်းပညာကို “ Intelligent Vehicle Experience Car With IQ” လို့ အမည်ပေထားပြီး ကားဟာ ပိုင်ရှင် မဟုတ်တဲ့ လူတွေ၊ ကားခိုးယူဖို့ ကြိုးစားသူတွေကိုလည်း ခွဲခြားနိုင်မယ်လို့ ပြောပါတယ်။ အဲဒီ လူတွေလာရင် ကားဟာ Lock လုပ်ထားမှာ ဖြစ်ပြီး ပိုင်ရှင်ကို သတိပေးမှာ ဖြစ်ပါတယ်။

Imagining the Biometric Future of Cars

လက်ရှိမှာ ကားတချို့မှာ စမတ်ဖုန်းရဲ့ NFC Chip ကနေ Unlock လုပ်နိုင်နေပြီ ဖြစ်ပြီး စမတ်ဖုန်း App များစွာမှာ အသုံးပြုနေတဲ့ Facial Recognition ကိုတော့ အသုံးမပြုနိုင်သေးပါဘူး။

ကုမ္ပဏီတွေဟာ စမတ် ကျတဲ့ ကားတွေကို အပြိုင်အဆိုင် ထုတ်လုပ်နေကြပြီး အနာဂတ်မှာ Face Unlock စွမ်းရည် ပါတဲ့ ကားတွေ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

Ref : South China Morning Post