Samsung ကနေ ပြီးခဲ့တဲ့လက မိတ်ဆက်ခဲ့တဲ့ နောက်ဆုံးပေါ် Galaxy A03 စမတ်ဖုန်းတွေဟာ Samsung A Series ချစ်သူတွေရဲ့ နှစ်သက်ဝယ်ယူအားပေးမှုတွေကို တခဲနက် ရရှိခဲ့ပါတယ်။ ကျယ်ပြန့်တဲ့ 6.5” Infinity V မျက်နှာပြင်၊ ကြည်လင်ပြတ်သားတဲ့ 48 MP ကင်မရာနဲ့ ကြာရှည်ခံလှတဲ့ 5,000 mAh ဘက်ထရီတွေပါဝင်တဲ့ Galaxy A03 စမတ်ဖုန်းတွေဟာ ဂိမ်းကစားတာဖြစ်ဖြစ်၊ Social Media သုံးတာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ဖုန်းပြောတာပဲ ဖြစ်ဖြစ် အချိန်တိုင်းနေရာတိုင်းမှာ အဆင်ပြေလွယ်ကူမှုအပြည့် ရှိစေမှာပါ။

Social Media ပေါ်မှာဆိုရင်လည်း A03 ရဲ့ မြူးမြူးကြွကြွနဲ့ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး အမိုက်စားကြော်ငြာ ကို ပရိသတ်တွေ စိတ်ဝင်စားမှု များပြားခဲ့ပြီး အထူးသဖြင့် ဗီဒီယိုမှာပါတဲ့ တန်တန့်တန်၊ ခံခံ့ခံ၊ လန်လန့်လန်၊ မြန်မြန့်မြန် ဆိုတဲ့ ကကွက်တွေ အတိုင်း ပြန်ကပြီး Social Media တွေပေါ်မှာတင်တဲ့ လူငယ် ပရိသတ်တွေလည်း အများကြီးရှိခဲ့ပါတယ်။ ဒီဗီဒီယိုမှာ တမူထူးခြားတာက မြန်မာ၊ ကချင်၊ ရှမ်း ဘာသာ ၃ မျိုးနဲ့ ဗီဒီယိုပုံစံ ၃ မျိုး ရိုက်ကူးပေးထားတာ ဖြစ်ပြီး ဒါကြောင့်လည်း နိုင်ငံတဝန်းမှာ အချိန်ခဏအတွင်း လူကြိုက်များလာခဲ့တာပါ။

ဒီလို နိုင်ငံတဝန်းက A Series ချစ်သူတွေရဲ့ နှစ်သက်အားပေးမှုတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ နောက်ဆုံးပေါ် A03 စမတ်ဖုန်း တွေကို ပိုင်ဆိုင်နိုင်မယ့် တန်တန့်တန် Dance Challenge လေးကို Samsung ကနေ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကနေ မတ်လ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်ပေးထားပါတယ်။ ဒီ Challenge မှာပါဝင်ဖို့က လွယ်လွယ်လေးပါ။

၁) A03 ကြော်ငြာမှာပါတဲ့ တန်တန့်တန်၊ ခံခံ့ခံ၊ လန်လန့်လန်၊ မြန်မြန့်မြန် ကကွက်တွေကို လိုက်ကပါ။ (မြန်မာ၊ ကချင်၊ ရှမ်း ကြိုက်တဲ့ဘာသာနဲ့ ယှဉ်ပြိုင်လို့ရပါတယ်။) မြန်မာဘာသာ – https://bit.ly/36sekxn, ကချင်ဘာသာ – https://bit.ly/3s1proZ, ရှမ်းဘာသာ – https://bit.ly/3v4dDEy

၂) မိမိကြိုက်နှစ်သက်ရာ Social Media Platform မှာ #တန်တန့်တန်Dance #GalaxyA03 လို့ရေးပြီး Public Setting နဲ့ တင်လိုက်ပါ။

ပါဝင်ယှဉ်ပြိုင်တဲ့သူတွေထဲက ၃ ယောက်ကို ရွေးချယ်ပြီး Samsung ကနေ Galaxy A03 အသစ်စက်စက် ၃ လုံးကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ အခုအချိန်အထိ ပါဝင်ယှဉ်ပြိုင်ပြီးသူများစွာရှိနေတဲ့အတွက် မတ်လ ၂၀ ရက်နေ့မတိုင်မီ ဒီ Galaxy A03 Dance Challenge လေးကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အသိပေးလိုက်ပါတယ်။

အသေးစိတ်ကြည့်ရှုရန်- https://www.facebook.com/SamsungMyanmar/posts/3141399526099298

Samsung ရဲ့ နောက်ဆုံးပေါ် Galaxy A03 စမတ်ဖုန်းကို ဝယ်ယူချင်သူတွေအနေနဲ့လည်း အမြို့မြို့ အနယ်နယ်က နီးစပ်ရာ Samsung အရောင်းဆိုင်ကြီးတွေနဲ့ စမတ်ဖုန်း အရောင်းဆိုင်တွေမှာ 3/32 GB Version ကို မြန်မာငွေကျပ် ၂၆၉,၀၀၀၊ 4/64GB Version ကို မြန်မာငွေကျပ် ၃၀၉,၀၀၀ နဲ့ အလွယ်တကူ သွားရောက် ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

Press Release of Samsung