[Zawgyi]
Ref: GSMArena
[Unicode]
Geekbench မှာ 6GB RAM နဲ့ တွေ့ရတဲ့ HUAWEI nova 5i
HUAWEI nova 5i ကို လွန်ခဲ့တဲ့ လကုန်ပိုင်းလောက်က Geekbench မှာ တစ်ကြိမ်တွေ့ခဲ့ရပြီးပါပြီ။ အဲဒီတုန်းကတော့ nova 5i ဟာ 4GB of RAM နဲ့ဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာ ထပ်ပြီးတွေ့ရတော့ 6GB of RAM နဲ့ ဖြစ်နေပြန်ပါတယ်။
HUAWIE nova 5i 4GB အမျိုးအစားဟာ မော်ဒယ်နံပါတ် GLK-LX3 နဲ့ဖြစ်တာကိုတွေ့ရပြီး၊ အခုတွေ့ရတဲ့ 6GB နဲ့ အမျိုးအစားကတော့ မော်ဒယ်နံပါတ် GLK-LX2 နဲ့ဖြစ်ပါတယ်။ ဒါကြောင့် HUAWEI ဟာ nova 5i ကို အမျိုးအစားနှစ်မျိုးနဲ့ စမ်းသပ်နေတာတော့ သေချာသွားပါပြီ။
စမ်းသပ်ထားတဲ့ စမတ်ဖုန်းဟာ Android Pie နဲ့ပဲ ဖြစ်ပါတယ်။ Octa-core processor နဲ့ဖြစ်ပြီး ကြိမ်နှုန်းကတော 1.71GHz ဖြစ်တာကိုလည်း တွေ့ရပါတယ်။ HUAWEI novi 5i နဲ့ ပတ်သက်တဲ့ အချက်အလက်တွေဟာ အခြားစမတ်ဖုန်းတွေလောက် သိပ်ပြီးမပေါက်ကြားခဲ့ပေမယ့် AnTuTu listing မှာလည်း တွေ့ခဲ့ရပြီးပါပြီ။
AnTuTu မှာတွေ့ခဲ့တာကတော့ Kirin 710 SoC,64GB of Storage စတာတွေနဲ့ ဖြစ်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်ပိုင်းဆိုင်ရာမှာလည်း 2310 x 1080 pixel နဲ့ ဖြစ်တာကို သိခဲ့ရပါတယ်။ Punch –hole နဲ့ဖြစ်မယ်ဆိုတာရယ်၊ 3,900mAh ဘက်ထရီနဲ့ဖြစ်မယ်ဆိုတာရယ်ကတော့ အတည်ပြုဖို့ လိုပါသေးတယ်။ nova 5i ဟာ ဒီလကုန်မှာ ဈေးကွက်ထဲကို ရောက်ရှိမယ်လို့တော့ ကောလာဟလသတင်းတွေ ထွက်နေပါတယ်။
Ref: GSMArena