Android ရဲ့ Gmail မှာ မကြာခင် Google Gemini AI ပါလာတော့မှာ ဖြစ်ပါတယ်။ အဲဒီ သတင်းဟာ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်ကနေ ထွက်ပေါ်လာတာ ဖြစ်ပြီး Gmail App ရဲ့ Code မှာ Gemini Button ကို တွေ့ရတယ်လို့ သိရပါတယ်။

Gmail

အဲဒီ Button ကို နှိပ်ရင် Gmail မှာ အသုံးဝင်တဲ့ AI Function  များစွာကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Gemini AI ဟာ Gmail မှာ ရှည်လျားတဲ့အီးမေးတွေကို အနှစ်ချုပ် ပြသပေးနိုင်ပြီး အဓိကကျတဲ့ အချက်တွေကို ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝင်လာတဲ့ အီးမေးတွေကို စာပြန်ပေးနိုင်ပါတယ်။ အဲဒီ Feature တွေဟာ အခပေး အသုံးပြုရတဲ့ Google Workspace User တွေမှာ ရထားတဲ့ Feature တွေနဲ့ တူညီပါတယ်။

Google now lets you access Gemini directly within Gmail, Docs & more:  Here's how

AI နည်းပညာဟာ ၂၀၂၄ ခုနှစ်မှာ အများကြီး တိုးတက်ဖွံ့ဖြိုးတိုးတက်လာပါတယ်။ ကုမ္ပဏီများစွာက AI ကို နယ်ပယ်များစွာမှာ အသုံးပြုနေပါတယ်။ အဲဒီအထဲမှာ Google လည်း ပါပါတယ်။ Google ဟာ AI နည်းပညာမှာ ရှေ့တန်းက ပြေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

Apple ဟာ iOS မှာ Gemini AI ကို ထည့်သွင်းဖို့ Google နဲ့ ဆွေးနွေးနေပါတယ်။ Honor ကလည်း သူ့ရဲ့ နောက်ထုတ်မယ့် စမတ်ဖုန်းတွေမှာ Generative AI ထည့်သွင်းဖို့ Google နဲ့ ပူးပေါင်းလိုက်ပြီလို့ မကြာခင်က ကြေညာထားပါတယ်။

Ref : gizmochina