အခုအချိန်ဟာ Android တက်ဘလက်တွေ ပြန်ခေတ်စားလာတဲ့အချိန်လို့ခေါ်ဆိုနိုင်ပြီး အထူးသဖြင့် Foldable ဖုန်းတွေကလည်း ပိုပြီးကြီးမားတဲ့ မျက်နှာပြင်ကို သယ်ဆောင်လာကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် Google ကလည်း ကျယ်ပြန့်တဲ့မျက်နှာပြင်နဲ့ Android အသုံးပြုသူတွေရဲ့ မတူညီတဲ့အတွေ့အကြုံအတွက် အပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။

Google ဟာ Android 12L ကို ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက ပထမဆုံးအဖြစ် ကြေညာခဲ့ပါတယ်။ Beta တည်ဆောက်မှုအချို့ကို ကနဦးဖော်ထုတ်ပြသပြီးတဲ့နောက် ကုမ္ပဏီဟာ Android 12L ကို ထပ်ပြီးမိတ်ဆက်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပိုပြီးတော့ခေတ်နဲ့လိုက်လျောညီထွေဖြစ်တဲ့ပုံစံလို့ဆိုနိုင်ပါတယ်။ သာမန်အသုံးပြုသူတွေအပေါ် ပိုပြီးအာရုံစိုက်ထားပြီး Developer တွေအတွက်တော့ သိပ်ပြီးအာရုံမစိုက်တဲ့ပုံစံ ဖြစ်ပါတယ်။

Android 12Lဟာ ပိုပြီးကြီးမားတဲ့မျက်နှာပြင်တွေအတွက် ပိုပြီးကောင်းမွန်အောင်ပြုလုပ်ထားကြောင်း Google က ပြသလာတဲ့အချက်တွေထဲမှာ တွေ့မြင်နိုင်ပါတယ်။ Notifications တွေအတွက် ပြုပြင်မှုတွေလည်း လုပ်ထားပါတယ်။ ပထမက ညာဘက်မှာရှိပြီး၊ ဒုတိယက ဘယ်ဘက်မှာရှိတာကို တွေ့မြင်နိုင်ပါတယ်။ ဒီပြောင်းလဲမှုမှာ “အသုံးပြုသူအနေနနဲ့ Notifications တွေကိုကြည့်ဖို့ရာ ပွတ်ဆွဲဖို့နေရာပိုရလာမယ်” လို့ ကုမ္ပဏီက ဆိုပါတယ်။

ကြီးမားတဲ့မျက်နှာပြင်တွေအတွက် Two-column view settings ကို Android device ထုတ်လုပ်သူအတော်များများက အစောကတည်းက အကောင်အထည်ဖော်ပြီး ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ “stock Android” ထဲ ထည့်သွင်းလာတာကိုတွေ့မြင်ရပါပြီ။ Android 12L ရဲ့ အကြီးမားဆုံး Feature သစ်က Taskbar အသစ်လို့ ဆိုနိုင်ပါတယ်။ App icons တွေကို သိမ်းဆည်းထားနိုင်တဲ့အတွက် လုပ်ဆောင်ရာတာ ပိုပြီးလွယ်ကူမြန်ဆန်လာပါလိမ့်မယ်။

ထိပ်ပိုင်းမှာ Status bar နဲ့အတူ အချိန်ကို အမြဲတမ်းပြသနေဆဲဖြစ်ပြီး Notification icons, connectivity icons, battery capacity စတာတွေကိုလည်း တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။ Android 12L ကို ဒီနှစ်နှောင်းပိုင်းမှာ စပြီးဖြန့်ချိမယ်လို့ဆိုထားပါတယ်။ အချိန်အတိအကျမသိရသေးသလို နောက်ထပ်ထွက်ပေါ်လာမဲ့ အချက်အလက်အသစ်တွေရှိနေသေးတာကြောင့် နားစွင့်ထားဖို့လိုအပ်ပါတယ်။

Ref: GSM Arena