Google Keep Application ဟာ လက်ရှိအချိန်မှာ Notes မှတ်ယူချင်တဲ့သူတွေအတွက် အကောင်းဆုံးရွေးချယ်စရာတစ်ခုလို့တောင် ပြောနိုင်ပါတယ်။ ဒါကလည်း အသုံးပြုရတာလွယ်ကူရိုးရှင်းပြီးတော့ Google Account ကိုပဲ အသုံးပြုချိတ်ဆက်ထားတဲ့အတွက် Android ၊ iOS အပြင် Web Browser မှာပါ အလွယ်တကူအသုံးပြုနိုင်တာကြောင့်ဖြစ်ပါတယ်။

Google Keep ဟာ တခြားသော Google App တွေနဲ့ယှဥ်ရင် Update ရရှိမှုမှာ နှေးကွေးတယ်လို့ပြောနိုင်ပါတယ်။ အခုအချိန်မှာတော့ Google ကနေ Keep အတွက် Update အသစ်တစ်ခုကို ထုတ်ပေးဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

ဒါကတော့ လက်ရှိ Keep Notes မှာ ကိုယ်မှတ်ယူချင်တဲ့ Notes တွေကို Custom Background Color ရွေးချယ်နိုင်တာကနေ စိတ်ကြိုက် Background Image တွေထားနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ Google ရဲ့ ပြောကြားချက်အရတော့ Designer-created Image တွေထဲက ရွေးချယ်နိုင်မယ်လို့သိရပြီး ကိုယ်ပိုင်ဓါတ်ပုံကိုပါ Upload ပြုလုပ်ပြီး Note Background Image အနေနဲ့ ထားနိုင်မလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ဒါတင်မဟုတ်သေးဘဲ Google Keep ကို UI Design ပိုင်းအနည်းငယ် ပြောင်းလဲသွားမယ်လို့လည်း သိရပြီး ဘယ်လိုမျိုး ပြောင်းလဲသွားမလဲဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ လောလောဆယ်မှာ Google Keep ဟာ Background Color ကို ၁၁ မျိုးအထိ ရွေးချယ်နိုင်တဲ့အတွက် ပုံမှန်အသုံးပြုသူတွေအတွက် လုံလောက်တယ်လို့တောင် ပြောနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် အဆိုပါ Google Keep Update ကို လာမယ့်ရက်သတ္တပတ်အတွင်းမှာ Android နဲ့ iOS အတွက် ရရှိလာမယ်လို့သိရပြီး Google Workspace အသုံးပြုသူတွေအပြင် ပုံမှန် Google Account နဲ့အသုံးပြုနေတဲ့ Free User တွေပါ ရရှိမှာဖြစ်ပါတယ်။

Ref – 9to5Google