Google Pixel 4A ဟာ အခုနှစ်ပိုင်းမှာ Leak အများဆုံးထွက်ရှိတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပေမယ့် ကုမ္ပဏီဟာ ဒီစမတ်ဖုန်းကို အခုထိ တရားဝင်ထုတ်မပြရသေးပါဘူး။ ဒါ့အပြင် Google ဟာ 5G စမတ်ဖုန်းနှစ်လုံး ထုတ်လုပ်နေပြီး တစ်ခုက Pixel 4A 5G ဖြစ်တယ်လို့လည်း သတင်းထွက်ထားပါသေးတယ်။

အဆိုပါသတင်းကို ထောက်ခံတဲ့အနေနဲ့ ယနေ့မှာ Pixel 4A 5G ရဲ့ အရိပ်အယောင်ကို စတင်မြင်တွေ့ခဲ့ရပြီး Boom! Mobile က တင်ထားတဲ့ 5G ဟန်းဆက်စာရင်းထဲမှာ သူ့ရဲ့မော်ဒယ်နံပါတ်ကို ဖော်ပြလာခဲ့တာဖြစ်ပါတယ်။

Google Pixel 4A စမတ်ဖုန်းဟာ ပြီးခဲ့တဲ့လပိုင်းအတွင်း မကြာခဏ သတင်းတွေကြားခဲ့ရတာကြောင့် အချက်အလက် အကုန်နီးပါး သိနေရပါပြီ။ ဒီဖုန်းဟာ မော်ဒယ်နံပါတ် G025J, G025M, G024N တို့နဲ့ FCC အတည်ပြုချက်ရယူခဲ့ပါတယ်။

အခုတွေ့ရတဲ့ Boom! Mobile ရဲ့ 5G စမတ်ဖုန်းစာရင်းထဲမှာ တူညီတဲ့ မော်ဒယ်နံပါတ်တစ်ခုဖြစ်တဲ့ G025E ကို XDA အဖွဲ့ဝင်တစ်ယောက်က စတင်တွေ့ရှိခဲ့ပြီး ဒီဟန်းဆက်ဟာ ကုဒ်နာမည် “Bramble” လို့ပေးထားတဲ့ Pixel 4A 5G ဖြစ်တယ်လို့ သူတို့က ယူဆပါတယ်။

တကယ်သာဟုတ်ခဲ့ရင် ဒီဟန်းဆက်ဟာ Pixel 5 မှာလို Qualcomm Snapdragon 765G ချစ်ပ်ဆက် အသုံးပြုလာမှာ ဖြစ်ပြီး Pixel 3A, 3A XL နဲ့ 4A တို့လိုပဲ စျေးပေါတဲ့ ပလတ်စတစ်ကိုယ်ထည်နဲ့ ထွက်လာနိုင်ပါတယ်။ ဒါ့အပြင် Punch-hole ဒီဇိုင်းနဲ့ AMOLED Display, Dual-camera တို့ကိုပါမြင်တွေ့ရမှာဖြစ်ပြီး Pixel 4A 4G ဗားရှင်းထက်လည်း အရွယ်ပိုကြီးမှာပါ။

Ref – GizmoChina