Google ကနေ လာမယ့် စက်တင်ဘာလ ၃၀ ရက်နေ့မှာ Google Pixel 4a 5G နဲ့ Pixel 5 ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အခုအချိန်မှာလည်း Google ရဲ့ Pixel ဖုန်းအသစ်တွေရဲ့ Europe မှာ ရောင်းချမယ့်စျေးနှုန်းတွေ ပေါက်ကြားလာပါပြီ။

အခုလိုမျိုး ပေါက်ကြားလာတာက Europe Retailer တွေကနေ ဖော်ပြခဲ့တာဖြစ်တဲ့အတွက် စျေးနှုန်းအပြင် ရရှိလာမယ့် အရောင်နဲ့ Storage တွေပါ ပါဝင်ခဲ့တာဖြစ်ပါတယ်။ UK Retailer တစ်ခုရဲ့ အဆိုအရတော့ အဆိုပါ Pixel ဖုန်းအသစ်တွေဟာ လာမယ့်အောက်တိုဘာလ ၁၅ ရက်နေ့က စတင်ပြီးဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Google Pixel 4a 5G ဖုန်းဟာ €499 နဲ့ ရောင်းချသွားမှာဖြစ်ပြီး Pixel 5 ကတော့ €629 ကနေ စတင်ရောင်းချသွားမယ်လို့သိရပါတယ်။ US Pricing အနေနဲ့ကတော့ Pixel 4a 5G ဟာ $499 ကနေမှာသေချာနေပြီး Pixel 5 ကတော့ အနည်းဆုံး $599 အထက်ကနေ ရောင်းချလာဖွယ်ရှိနေပါတယ်။ မြန်မာငွေအနေနဲ့ကတော့ Pixel 4a 5G ဖုန်းဟာ ၇ သိန်းဝန်းကျင်နဲ့ Pixel 5 ကတော့ ၈ သိန်းအထက်လောက် ကျသင့်မှာပါ။

Google Pixel ဖုန်းတွေဟာ Storage အနေနဲ့ 128GB ကနေ စတင်မှာဖြစ်ပြီး Pixel 4a 5G မှာတော့ Storage ရွေးချယ်နိုင်မှာမဟုတ်ဘူးလို့ ယူဆရပါတယ်။ ကျန်တဲ့အချက်တွေအနေနဲ့ကတော့ မသိရှိရသေးပေမယ့် သတင်းထွက်ရှိထားသလိုပဲ ၂ မျိုးစလုံးက Qualcomm Snapdragon 765G Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။

Ref – GSM Arena