Google က Pixel 4a ကို ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ ကြေညာခဲ့တဲ့အတွက် Pixel 5a ကို မြင်တွေ့ရဖို့ သိပ်မလိုတော့ပါဘူး။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ Pixel 5a ကို FCC မှာ တွေ့လာရပါပြီ။ အဲဒီမှာ Pixel 5a ရဲ့ IDs ၂ ခုကို တွေ့ရပြီး တစ်ခုက မြောက်အမေရိကနဲ့ နောက်တစ်ခုက ကျန်တဲ့ နိုင်ငံတွေအတွက် ဖြစ်နိုင်ပါတယ်။

Google Pixel 5a stops by the FCC ahead of launch

Band Support ကွဲပြားသွားတာ ဖြစ်ပြီး မော်ဒယ် တစ်ခုမှာ CDMA မပါလာပါဘူး။ အဲဒီ အလုံးဟာ နိုင်ငံတကာအတွက် ဖြစ်ပြီး CDMA အလုံးဟာ အမေရိကန်က Verizon အတွက် ဖြစ်နိုင်ပါတယ်။ FCC မှာ IDs ၂ ခုပဲရှိပေမယ့် မော်ဒယ်နံပါတ်က ၃ ခု ဖြစ်ပါတယ်။ အဲဒါတွေက  G1F8F, G4S1M နဲ့ GR0M2 လို့ ဖော်ပြထားပါတယ်။

Google Pixel 5 Review: The Best Pixel Yet | WIRED

FCC မှာ Google Pixel 5a ရဲ့ Specs တွေကို ဘာမှ မဖော်ပြထားသေးပါဘူး။ အရင်သတင်းတွေအရ Pixel 5a ရဲ့ ဒီဇိုင်းဟာ Pixel 4a 5G နဲ့ လုံးဝတူညီမယ်လို့ သိရပါတယ်။ တူညီတဲ့ Snapdragon 765G Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 4a Generation နဲ့ မတူတာက 5a အတွက် 5G မော်ဒယ် တစ်မျိုးပဲ ထွက်လာနိုင်ပါတယ်။ 4G Only Version မရှိတော့ပါဘူး။

Pixel 5a မှာ ပင်မ ကင်မရာနဲ့အတူ မြင်ကွင်းကျယ် ကင်မရာ ၁ လုံး ပါလာနိုင်ပါတယ်။ ပေါက်ကြားသတင်းတစ်ခုက Pixel 4a ထက် ဈေးများမယ်လို့ ပြောပါတယ်။ 5a ဟာ 4a 5G ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး 4a 5G ဟာ 4a ထက် ဈေးမြင့်ပါတယ်။ မကြာခင်မှာ Pixel 5a ရဲ့ သတင်းအချက်အလက်တွေ ပိုမို သိလာရနိုင်ပါတယ်။

Ref : gsmarena