Google ဟာ မှန်ကန်တိကျတဲ့ သတင်းအချက်အလက်တွေကို ပံ့ပိုးပေးဖို့အတွက် User တွေရဲ့ Search Result တွေကို မကြာခင်က စတင်ကာ Fact-checking ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် Breaking News တွေအတွက် Fact-checking ပြုလုပ်ရတာ ခက်ခဲပါတယ်။ မီဒီယာတွေက Breaking News တွေ တင်လိုက်တာနဲ့ Google ရဲ့ Search Engine က မှန်ကန်သလားဆိုတာ မစစ်ဆေးနိုင်ခင်မှာ User တွေထံ အဲဒီ သတင်းတွေ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

အဲဒီအတွက် Google ဟာ မှန်ကန်တဲ့ သတင်းလား ဆိုတာ Search Engine က မစစ်ဆေးနိုင်ခင်မှာ အဲဒီ သတင်းကို အာမမခံနိုင်သေးဘူးဆိုတာကို သတိပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ Google က သင် ရှာဖွေတဲ့ သတင်းဟာ အသစ် ဖြစ်ပြီး Algorithm က မှန်ကန်လားဆိုတာ စစ်ဆေးဖို့ အချိန်လိုအပ်ပါသေးတယ်လို့ ရှင်းလင်းပြောပြမှာ ဖြစ်ပါတယ်။

လက်ရှိမှာ သတင်းတွေမှန်လားဆိုတဲ့ သတင်းအချက်အလက်တွေကို “about this result” မှာ ပြသပေးထားတာ ဖြစ်တာကို သတိပြုပါ။ အခုတော့ Google က User တွေ ထင်သာမြင်သာရှိအောင် ပြုလုပ်ပေးတော့မယ်လို့ ထင်ပါတယ်။ Google ရဲ့ အခုပြုလုပ်မယ့် နည်းလမ်း အသစ်က အွန်လိုင်းမှာ သတင်းမှားတွေ ပျံ့နှံ့တာကို လျှော့ချပေးနိုင်မှာ ဖြစ်တဲ့အတွက် ကြိုဆိုရမှာ ဖြစ်ပါတယ်။

Google ရဲ့ Search Result တွေမှာသာမကဘဲ Facebook နဲ့ တခြား လူမှုကွန်ရက် ပလက်ဖောင်းတွေမှာလည်း သတင်းအမှားတွေ များစွာ ရှိနေကြပါတယ်။ အဲဒီအတွက် မှန်ကန်စိတ်ချရတဲ့ သတင်းဌာနက သတင်းတွေကိုသာ ယုံကြည်သင့်ပါတယ်။

Ref : gsmarena