ခြင်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို နှိမ်နင်းဖို့အတွက် အထူးစီမံထားတဲ့ ခြင်ကောင်ရေ ၃၂ သန်းအထိကို ကာလီဖိုးနီးယားနဲ့ ဖလော်ရီဒါပြည်နယ်တွေမှာ နှစ်နှစ်ကြာ လွှတ်ပေးမယ့် စီမံကိန်းတစ်ခုအတွက် Google ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabet ဟာ အမေရိကန် အစိုးရထံ ခွင့်ပြုချက်တောင်းခံထားပါတယ်။ အဲဒီစီမံကိန်းဟာ Alphabet ရဲ့ “Debug” အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လက်ရှိမှာ အမေရိကန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ (EPA) က သုံးသပ်နေကာ အများပြည်သူရဲ့ သဘောထားမှတ်ချက်တွေကို ဇွန်လ ၅ ရက်အထိ ဖွင့်လှစ်ပေးထားပါတယ်။ သို့သော်လည်း ခြင်တွေကို လွှတ်ပေးမယ့် တိကျတဲ့ နေရာဒေသတွေကိုတော့ လက်ရှိအချိန်အထိ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

Google Wants to Release 32 Million Mosquitoes in California and Florida.  Here's Why

ဒီစီမံကိန်းမှာ သုံးမယ့် ခြင်တွေက လူကို ကိုက်ပြီး သွေးစုပ်လေ့မရှိတဲ့ ခြင်အထီးတွေပဲ ဖြစ်ပါတယ်။ အဲဒီခြင်အထီးတွေကို ဝိုလ်ဘက်ချီးယား (Wolbachia) လို့ခေါ်တဲ့ သဘာဝဗက်တီးရီးယားတစ်မျိုး ကူးစက်ထားစေမှာဖြစ်ပြီး ၎င်းတို့က တောရိုင်းခြင်အမတွေနဲ့ မိတ်လိုက်တဲ့အခါ ဥတွေ သားမပေါက်နိုင်တော့တာကြောင့် အချိန်ကြာလာတာနဲ့အမျှ ခြင်ကောင်ရေကို သိသိသာသာ လျှော့ချပေးနိုင်မှာပါ။ အဓိကအားဖြင့် အမေရိကန်နိုင်ငံမှာ တွေ့ရှိနေရပြီဖြစ်တဲ့ ဝက်စ်နိုင်းဗိုင်းရပ်စ် (West Nile virus) နဲ့ စိန့်လူးဝစ် ဦးနှောက်ရောင်ရောဂါ (St. Louis encephalitis) ကဲ့သို့သော ရောဂါဆိုးတွေကို ပြန့်ပွားစေတဲ့ ခြင်တွေကို ပစ်မှတ်ထား နှိမ်နင်းသွားမှာ ဖြစ်ပါတယ်။

Google Seeks Federal Approval to Release 32 Million Treated Mosquitoes in  California

အကယ်၍ ဒီစီမံကိန်းသာ ခွင့်ပြုချက်ရရှိခဲ့မယ်ဆိုရင် ပြည်နယ်တစ်ခုစီမှာ ခြင်ကောင်ရေ သန်းပေါင်းများစွာကို အဆင့်လိုက် ခွဲခြားပြီး နှစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော် လွှတ်ပေးသွားမှာ ဖြစ်ပါတယ်။

Ref : Technology Innovation